ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီ စည်းရုံးရေးရာ၊ သတင်းမီဒီယာနှင့် ပညာရေးနှင့်သုတေသနရေးရာ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးရာ၊ သတင်းမီဒီယာနှင့် ပညာရေးနှင့် သုတေသနရေးရာ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘယ (၁၄) ရက် နေ့လည် (၁) နာရီအချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီရုံး၌ ကျင်းပဆောင်ရွက်ခဲ့ကြ သည်။

အစိုးရ၏ ပထမခြောက်လရငွေမှာ သုံးနှစ်အတွင်း အနည်းဆုံးဖြစ်ဟု ပြည်သူ့ငွေစာရင်းကော်မတီ လွှတ်တော်တင်

အစိုးရသစ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင်ရရှိသော ရငွေမှာ သုံးနှစ်တာကာလအတွင်း အနည်းဆုံးဖြစ်နေကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီက ဒီဇင်ဘာ (၁၄) ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်ပြလိုက်သည်။ (more…)


ရန်ကုန်မြို့ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်း ယခင်လကထက် မြင့်တက်

မီးဖိုချောင်အခြေခံ စားသောက်ကုန်များဖြစ်တဲ့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ မန်ကျည်းသီးအမှည့်များ ယခင်လထက် ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု ဘုရင့်နောင်ကုန်စည်ပွဲရုံမှ သိရသည်။ (more…)


ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့ ချောင်းဆုံမြို့နယ် ပါတီနှင့်တွေ့ဆုံ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ရပ်ကွက် ကျေးရွာ ပါတီကော် မတီဝင်များ ဗဟိုအလုပ်အမှုဆောင်နှင့် တွေ့ဆုံပွဲအခမ်းအနားကို ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်) နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။

ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ မြောက်ဦးခရိုင်/မြို့နယ် ကော်မတီဝင်များအား တွေ့ဆုံမှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ပါတီဥက္ကဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေမှူး ဗဟိုကော်မတီဝင် ဦးသန်းဝေနှင့်အဖွဲ့သည် ဒီဇင်ဘာ (၁၄) ရက် ညနေ (၅) နာရီခွဲအချိန်တွင် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်ပါတီရုံး၌ ခရိုင်ပါတီ ဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင် များနှင့် တွေ့ဆုံ၍ ပါတီရှေလုပ်ငန်စဉ်များအား မှာကြားခဲ့ကြောင်း သိရှိရသည်။

အကျဉ်းသားဦးရေ ကျော်လွန်နေသည့်အတွက် ရဲဘက်စခန်းများ ဆက်ထားမည်

အကျဉ်းထောင်များတွင်ထားရှိရမည့် အကျဉ်းသားဦးရေ ကန့်သတ်ချက်ထက် ကျော်လွန်နေသည့်အတွက် ပြစ်ဒဏ်ကျခံ အကျဉ်းသားများ၏ လုပ်အားဖြင့် စိုက်ပျိုးရေးစခန်းများ၊ ကျောက်ထုတ်လုပ်ခြင်းစခန်းများ (ရဲဘက်) ကို ဖျက်သိမ်းပေးနိုင်ခြင်းမရှိဘဲ ဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။ (more…)


သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရသည့် အကြောင်းရင်း အမှုမှန် ပေါ်ပေါက်ရေးမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ရပိုင်ခွင့်များအတွက် လွန်စွာအရေးကြီးကြောင်း Pen Myanmar သဘောထားကြေညာချက် ထုတ်ပြန်

သတင်းသမားများ၏ လုံခြုံစွာ သတင်းရယူပိုင်ခွင့်အတွက် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့က အလေးအနက်ထား ဆောင်ရွက်ရန် Pen Myanmar က တိုက်တွန်းကြောင်း သဘောထားကြေညာချက် (၇/၂၀၁၆)ကို ဒီဇင်ဘာ ၁၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ (more…)


ပြည်နယ်ပါတီပါတီဥက္ကဋ္ဌ ပါတီရှေ့လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေနှင့် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)တို့သည် ဒီဇင်ဘာ (၁၄) ရက် နံနက်ပိုင်းက အမ်းမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျောက်ဖြူခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အမ်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။

သန်လျင်မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာ ကော်မတီ ၀င်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ကော်မတီဝင် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပါတီရုံး ရတနာခန်းမ၌ ဒီဇင်ဘာ (၁၄) ရက် နံနက် (၁၀) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်မင်း၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ (၄၅)ခုမှ စည်းရုံးရေးမှူးများ၊ ဒုတိယစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေသော လူနာရှင်အား ပြည်ခိုင်ဖြိုး ပရဟိတအဖွဲ့မှ သွေးလှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပရဟိတ သွေးလှူရှင်များအသင်းမှ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လူနာရှင်များမှ လိုအပ်သည့်သွေးများကို တစ်လလျှင် သွေးပုလင်း ၄ဝဝ မှ ၅ဝဝ ကြားထိ လှူဒါန်းပေး လျက်ရှိကြောင်း ပရဟိတသွေးလှူရှင်များထံမှ သိရသည်။