ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ ယခင်(၅)နှစ်တာကာလအတွင်း ပြည်သူလူထုရဲ့ ရွေး ကောက်တင်မြှောက်ခြင်းခံရပြီးအစိုးရဖွဲ့စည်းနိုင်ခဲ့မှုကြောင့် နိုင်ငံတော်ရဲ့ကာကွယ်ရေး၊ စီးပွားရေး၊ တရား ဥပဒေစိုးမိုးရေးနယ်ပယ်အားလုံးကို တာဝန်ယူဆောင်ရွက်ခဲ့ရပါတယ်။
အမျိုးသားရေးအတွက် အရေးကြီးလာတဲ့ ခုလိုအချိန်မျိုးမှာပါတီရဲ့မူဝါဒနဲ့ လုပ်ငန်းစဉ်အရလည်းကောင်း၊ နိုင်ငံသားတိုင်းစဉ်းစားဆောင်ရွက်ရမယ့် အမျိုးသားရေးတာဝန်အရလည်းကောင်း၊ အခြေခံဥပဒေက ပေးထားတဲ့ ရပိုင်ခွင့်အရလည်းကောင်း နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပီပြင်စွာဆောင်ရွက် နိုင်ဖို့ လိုအပ်နေပြီဖြစ်လို့ယူဆတဲ့အတွက် ဒီနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။
