စာပေဟောပြောပွဲနှင့် ၁၄နှစ်အောက် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲနှင့် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာမင်း အားကစားခန်းမတွင် ယခုလ ၄ရက် ညပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် စာရေးဆရာ ဦးကျော်ကျော်လှိုင်က လူငယ်များ ကြီးပွားတိုးတက်အောင်မြင်ရေးအတွက် အချက်ခုနစ်ချက်ဖြင့် လူငယ် များ သိသင့်သိထိုက်သည်များ၊ အသိပညာ အတတ်ပညာဗဟုသုတ များတိုးပွားရေးတို့ကို အကျယ်တဝင့်ဟောပြောပြီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ကမ်းနားလူငယ်အသင်း၊ ဒုတိယဆုရ ညောင်အိုင်လူငယ် အသင်းတို့အား ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးနိုင်လင်းက ဆုများ အသီးသီးပေးအပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးချိုမြင့်ခိုင်က ကျေးဇူး တင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ ယင်းအခမ်းအနားတွင် ဇလွန်မြို့နယ်မှ စာပေဝါ သနာရှင်များ၊ အားကစားသမားများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ အင်အား ၃ဝဝကျော်တက်ရောက်ခဲ့သည်။
ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇန်နဝါရီ ၇ ရက်နံနက် ၁၁ နာရီက အဆိုပါပါတီရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ အစည်းအဝေး တွင် သထုံခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးဇော်ဝင်းက အမှာ စကားပြောကြားပြီး မြို့နယ်ပြည် ခိုင်ဖြိုးပါတီ ရပ်ကွက်/ ကျေးရွာ စည်းရုံးရေးကော်မတီဝင်များက ပါတီရေးရာ ကော်မတီလုပ်ငန်း ကဏ္ဍ(၁၂)ရပ်အနက် အရေးကြီး ကဏ္ဍလေးရပ်ကို ဆွေးနွေးတင်ပြ ခဲ့ကြပြီး တင်ပြချက်များအပေါ် ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်လင်းဦးနှင့်ပါတီ ရေးရာကော်မတီ တာဝန်ခံများကပြန်လည်ရှင်းလင်းဆွေနွေးခဲ့ကြပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်။
လွတ်လပ်ရေးနေ့၌မွေးဖွားသော ကလေးငယ်နှစ်ဦးအား ခင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုချီးမြှင့်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်၊အတွင်းရေးမှူး ဦးဇော် မင်းနှင့် အလုပ်အမှုဆောင်ကော်မတီ ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက(၆၉)နှစ်မြောက် လွတ်လပ် ရေးနေ့တွင် မွေးဖွားသော ကလေး ငယ်နှစ်ဦးအား ကလေးအသုံး ဆောင်ပစ္စည်းများနှင့်ကလေးပုခက် တစ်ခုစီ ချီးမြှင့်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော ဖြိုးစေတနာ နယ်လှည့်အခမဲ့ဆေးကုသမှုအဖွဲ့ ကျေးရွာများအရောက်ကွင်းဆင်းကုသ
ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတင်ဝင်းနှင့် ရန်ကုန် တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မင်း တို့ဦးဆောင်မှုဖြင့် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ‘ဖြိုးစေတနာ’ တာဝန်ခံဆရာဝန် ဒေါက်တာသိန်းဇော်မြင့်တို့ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း ကော့မှူးမြို့နယ်အတွင်း သွားလာရခက်ခဲသောကျေးရွာများ အရောက်ကျန်းမာရေးစောင့်ရှောက် ကုသပေးလျက်ရှိရာ ကော့မှူး အရှေ့ခြမ်း သမင်ခြံကျေးရွာအုပ်စု ဆိုင်ကလုန်းရှယ်တာတွင် နံနက် ၈ နာရီမှစ၍ ၁၁ နာရီအထိ အနီး ဝန်းကျင် ကျေးရွာများဖြစ်သော ထန်းတပင်ကျေးရွာ၊ သရက်တော ကျေးရွာ၊ တာတိုက်ကျေးရွာများမှ လူနာ ၂၄ဝ ကို ကုသပေးခဲ့သည်။
ဗဟိုဦးဆောင်ကော်မတီဝင် ဦးခင်အောင်မြင့်နှင့်မန္တလေးခရိုင်ပါတီဝင်များတွေ့ဆုံ
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပါတီရုံးတွင် ခရိုင်နှင့်မြို့နယ်ကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် စည်းရုံးရေးနယ်မြေအတွင်း ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီ ဝင်များအား ခရိုင်ပါတီကော်မတီ နှင့် မြို့နယ်ပါတီကော်မတီတို့မှ ရက်သတ္တပတ်တစ်ပတ်လျှင် တစ် ရက် တွေ့ဆုံလျက်ရှိရာ ယနေ့ နံနက် ၈ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ပါတီဝင်များ နှင့် မြို့နယ်ပါတီရုံးအစည်းအဝေး ခန်းမဆောင်၌ တွေ့ဆုံကြသည်။
ပြည်ခိုင်ဖြိုးပါတီ နှင့် ဗဟိုကော်မတီဝင် ဦးထွေးလှတို့ လှူဒါန်းသော လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်းနှင့်ဆိုလာမီးနှင့်ဘိလပ်မြေအိတ်များလှူဒါန်းခြင်း အခမ်းအနား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၇) ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ နှင့် ဗဟိုကော်မတီဝင်ဦးထွေးလှတို့မှ လှူဒါန်းထားသော
ဆိုလာမီး၊ဘိလပ်မြေအိတ်များပေးအပ်လှူဒါန်းခြင်း နှင့် ဆရာတော်အား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော အမ်းမြို့နယ် လေယာဉ်ကွင်းရပ်ကွက် အမှုထမ်းပိုင်း ရေပြွန်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၇) ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် လေယာဉ်ကွင်းရပ်ကွက် အမှုထမ်းပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းထားသော
ရေပြွန်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုပြီး
လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
ပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၆) ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်
ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်နယ် ခရိုင် မြို့နယ် အရံကော်မတီ
ရပ်/ကျေးပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ၏ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။