
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံသည့် အခမ်းအနား တစ်ရပ်ကို ယနေ့မွန်းလွဲ ၃ နာရီခွဲက ဘားအံပြည်နယ်ပါတီရုံး ဒေါနအစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
တွေ့ဆုံပွဲတွင် ပါတီမြို့နယ် အဆင့်ဆင့်ဖြစ် သော ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်၊ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များမှ ပါတီဥက္ကဋ္ဌများက ၄င်းတို့မြို့နယ်အလိုက် ဆောင် ရွက်ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။ (more…)



