ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ တောင်သူများ စိုက်ပျိုးမွေးမြူရေး နည်းပညာအသိပေးဟောပြောပွဲပြုလုပ်

 

ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အရှေ့ခြမ်းဝါးဘလောက်သောက် ကျေးရွာ ဦးအောင်ကြည်ထွန်း၏ ခြံ မြေတွင် ယမန်နေ့နံနက် ၁၁နာရီမှ စ၍ ကော့မှူးမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍တောင်သူလယ်သမားများ ၏ သိသင့်သောစိုက်ပျိုးရေးနည်း ပညာပိုင်းဆိုင်ရာ၊ မွေးမြူရေးအသိ ပညာပေးဆိုင်ရာဟောပြောပွဲ ပြု လုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူးဒေါ်လှကြည်၊ ဒုလက် ထောက်ဦးစီးမှူး ဦးနေလင်းထွန်း တို့ကစိုက်ပျိုးနည်းပညာပိုင်းဆိုင်ရာ ပြောကြား၍ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးDr..အောင်ကျော်မိုး၊ဒုလက်ထောက် ဦးစီးမှူးဒေါ်ဖြိုးဝါဝါစိုးတို့က မွေး မြူရေးပိုင်းဆိုင်ရာသိကောင်းစရာ များ ပြောကြားခဲ့ကြသည်၊။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ နိုင်ငံတော်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲရှိခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီခွဲကကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းနှင့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များ၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)၊ ဒုတိယဝန်ကြီးများ(ငြိမ်း)၊ နိုင်ငံရေးပါတီများ၊ ဥပဒေရေးရာနှင့် လွှတ်တော်ရေးရာကော်မတီဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စား လှယ်လောင်းများ၊အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်၊ ပြည်ထဲရေးနှင့် မီဒီယာများတက်ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် ဗန်းမောက်မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင် ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၁၇ ရက် နံနက် ၉နာရီခွဲ တွင် ဗန်းမောက်မြို့နယ် ပါတီရုံးသို့ ရောက်ရှိပြီး မြို့နယ်ပါတီကော်မတီ ဝင်များ၊ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ၍ပါတီစည်းရုံးရေးလုပ်ငန်း များနှင့်ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးရဲအောင်၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဆွေးနွေးဆောင်ရွက် ပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ၂ဝ၁၇ ခုနှစ် (ကြက်နှစ်)တရုတ်နှစ်သစ်ကူးဧည့်ခံပွဲသို့တက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနေအိမ် တွင် ယနေ့ညနေ ၄ နာရီမှ ည ၇နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့သည့် ၂ဝ၁၇ ခုနှစ် (ကြက်နှစ်)တရုတ်နှစ်သစ်ကူးဧည့်ခံပွဲသို့ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲကျင်းပ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ၂ နာရီက တောင်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့် လှစ်သည့် ပါတီကော်မတီဝင်များ စွမ်းရည်မြှင့်တင်ရေးသင်တန်း (၁/ ၂ဝ၁၇)ဆင်းပွဲအခမ်းအနားကိုကျင်းပ ရာ ရှေးဦးစွာဗဟိုအတိုင်ပင်ခံ၊ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးနာယက၊ ရှမ်းပြည် နယ်ပါတီနာယက ဦးစဝ်အောင် မြတ်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းတာဝန်ခံ တောင်ကြီးခရိုင်ပါတီဥက္ကဋ္ဌဦးစော ထွန်းခိုင်က သင်တန်းနည်း ပြများ၊ သင်တန်းနှင့်ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးကြသူများ၊ အကြံ ဥာဏ်ပေးကြသည့် အထက်ပါတီ အဆင့်ဆင့်မှတာဝန်ရှိသူများအားလုံး ကို ကျေးဇူးတင်စကားပြောကြား ပြီးနောက် တောင်ကြီးခရိုင်ပါတီ အတွင်းရေးမှူး ဦးအောင်နိုင်ထွန်း ကသင်တန်းဆင်းလက်မှတ် ကိုပေး အပ်ရာသင်တန်းသားများ၏ ကိုယ် စားသင်တန်းသားတစ်ဦးကလက်ခံ သည်။

သပြေကုန်းရပ်ကွက်တွင်ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်း ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့ နံနက် ၈ နာရီခွဲမှစ၍ ဆောင်ရွက်ခဲ့သည်။

၎င်းခြင်ဆေးမှုတ်ခြင်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း လှိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သပြေကုန်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုးထူးနှင့်အဖွဲ့ဝင်များ၊ နယ်မြေတာဝန်ခံ ဦးစိုင်းလွယ်၊ သပြေကုန်းရပ်ကွက် ပါတီခေါင်းဆောင် ဦးလှအောင်နှင့် ပါတီကော်မတီ ဝင်များ၊ အမာခံပါတီဝင်များလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင်ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်

 

ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ရုံးဝန်ထမ်းများနှင့် ရပ်/ကျေးအမာခံ ပါတီဝင်များ စုစုပေါင်း ၆၅၅ ဦးက ပါတီနှစ်စဉ် ကြေးကျပ် ၆၅၅ဝဝဝ ကို စုပေါင်းပေးအပ်ခဲ့ကြသည်။

နှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်ခင်စောမူ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာ ထိန်ဝင်း၊ ပုသိမ်ခရိုင် အတွင်းရေးမှူးဦးကျော်ကျော်နှင့် ခရိုင် တာဝန်ခံ ဒေါ်သက်သက်လွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ရပ်/ကျေး ပါတီဝင်များ စုစုပေါင်းအင်အား ၁ဝဝ ကျော်တက်ရောက်ခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဦးဆောင်ကော်မတီသူရဦးအေးမြင့် ခရိုင်နှင့်မြို့နယ်အဆင့်ကော်မတီဝင်များနှင့်တွေ့ဆုံပွဲ ထီးချိုင့်မြို့၌ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို)ဦးဆောင် ကော်မတီ သူရဦးအေးမြင့်နှင့်ခရိုင် အဆင့်၊ မြို့နယ်အဆင့် ကော်မတီ ဝင်များ ရပ်ကွက်ကျေးရွာစည်းရုံး ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနား ကို ယခုလ ၁၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က ထီးချိုင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်မည်

 

နိုင်ငံတော်အတွင်းဖြစ်ပေါ်နေသော လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိစ္စများ လေ့လာသုံးသပ် နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက် (တနင်္လာနေ့) နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အမှတ်(132-B) သံလွင်လမ်း၊ ဗဟန်းမြို့နယ်တွင် ပြုလုပ်မည်ဖြစ်သည်။