စေတနာ့ ညကျောင်းမှ ကျောင်းသူကျောင်းသားများ၏ စံပြမေးခွန်းပြုစုနိုင်ရန် စစ်တွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ငွေများပေးအပ်

 

ရခိုင်ပြည်နယ် စေတနာ့ ည ကျောင်းဖွင့်လှစ်ထားရှိရာ စစ်တွေ မြို့ အထက(၁) ကျောင်းသို့ သွား ရောက်ကာ ကျောင်းသားများ အတွက် စံပြမေးခွန်းငါးစုံ ပြုစု နိုင်ရန်အတွက် ယခုလ ၂၄ ရက် ည ၇ နာရီက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၏ လမ်းညွှန်မှုဖြင့် စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များမှ ထောက် ပံ့ငွေကျပ်နှစ်သိန်းကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတိုင်းကော်မတီဝင်ဦးတင်လှိုင် ကအဖွင့်အမှာစကားပြောကြားပြီး ပါတီရေးရာကိစ္စများ၊ ပါတီ၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ၊ပုံဖော်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားကာ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (တိုင်း ကော်မတီဝင်)ဒေါ်အေးမင်းမိုးက လည်း ပါတီ၏မူဝါဒများ၊ ရေးရာ အလိုက်အခက်အခဲများ၊ အားနည်း ချက်၊အားသာချက်၊ ပြန်လည်သုံး သပ်ချက်များ၊ ကြိုတင်ပြင်ဆင်မှု များကို ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ကို ဂုဏ်ပြုပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား ဂုဏ်ပြုပွဲကို ယနေ့ည ၇ နာရီက နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအစည်းအဝေးခန်းမကြီးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဗဟိုဦးဆောင်ကော်မတီနာယကကြီး ဦးသိန်းစိန်နှင့်အဖွဲ့ဝင်များ၊ ပါတီဗဟိုအတိုင်ပင်ခံ အဖွဲ့ဝင်များ၊ ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များ၊ ဗဟိုကော်မတီဝင်များ၊ ဗဟိုလုပ်ငန်းကော်မတီဝင်များ၊ဒုတိယသမ္မတ(ငြိမ်း)၊ပြည်ထောင်စုဝန်ကြီး(ငြိမ်း)နှင့်ဒုတိယဝန်ကြီး(ငြိမ်း) များ၊ ဖိတ်ကြားထားသော မိတ်ဖက်ပါတီများမှတာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားဖွင့်လှစ်ပြီးနောက် ပါတီဦးဆောင်ဗဟိုကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားအတွက် စွမ်းဆောင်ခဲ့မှုများအတွက်ရရှိခဲ့သည့်နိုင်ငံတကာမှချီးမြှင့်သည့်ဆုတံဆိပ်များနှင့်ပတ်သက်၍ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ရှင်းလင်းတင်ပြခဲ့သည်။

သမ္မတ​ဟောင်း ဦးသိန်းစိန်​အား ဂုဏ်​ပြုပွဲ (ဖျော်ဖြေပွဲ အစီအစဉ်)

 

အခမ်းအနား အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှာ ယခင် အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီနာယက နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ အစိုးရ သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ရရှိခဲ့သည့် ဆုတံဆိပ်များနှင့် စပ်လျင်း၍ ရှင်းလင်းတင်ပြခြင်း။

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအဖွဲ့၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း။

 

(၂၅-၁-၂၀၁၇)ရက်နေ့၊ နံနက်(၀၈း၃၀)အချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ဖြင့် တွေ့ဆုံခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ရမည်းသင်းပြည်ခိုင်ဖြိုးပါတီမှ Social Media အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

 

ယမန်နေ့ နံနက်(၀၉း၃၀)အချိန်တွင် ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ Social Media အခြေခံသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ရာ ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးနာယက ဦးကျော်မြင့်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဦးအောင်နိုင်ဦး၊ ရမည်းသင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်/ကျေးပါတီမှ သင်တန်းသား/သူများတက်ရောက်ကြပြီး ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးနာယက ဦးကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားကာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေးမှသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


ဟင်္သာတပြည်ခိုင်ဖြိုးပါတီ ကျောင်းသားကျောင်းသူများအား အာဟာရလှူဒါန်း

 

ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား ကျောင်းသူများအား အာဟာရတိုက်ကျွေးလျက်ရှိရာ ယမန်နေ့ နံနက် ၁ဝနာရီတွင် နတ်မော်တိုက်နယ် မိုးကုတ်ကျေးရွာအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၁၂၂ ဦးတို့အား ပေါင်မုန့်အုန်းနို့ဆမ်းဖြင့် အာဟာရကျွေးမွေးလှူဒါန်းခဲ့သည်။

အဆိုပါကျောင်းများသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကိုယ်စား အတွင်းရေးမှူး ဦးခင်ဦးနှင့်အတူ မြို့နယ်ကော်မတီဝင်များဖြစ်ကြ သော ဦးဌေးဝင်း(၁)၊ ဦးအောင်မြိုင်၊ ဦးလှမင်း၊ ဒေါ်ဝေမာကိုနှင့် ဒေါ်ခင်သီတာနိုင်တို့ လိုက်ပါလှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်နှင့်အဖွဲ့အားတွေ့ဆုံ

 

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့နယ်လှည့်ဆေးကုသရေးလုပ်ငန်း ဆောင်ရွက်

 

၂၄၊၁၊၂၀၁၇ ရက်နေ့တွင် နံနက်(၉)နာရီ အချိန်မှစတင်ကာကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများ ကျန်းမာရေးအတွက် ဖြိုးစေတနာ အခမဲ့ ဆေးကုသရေး အဖွဲ့သည် မြို့မတိုက်နယ် ပျဉ်မပင်လှ ကျေးရွာသို့ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နယ်လှည့်ဆေးကုသခြင်းဆောင်ရွက်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါက်တာထိန်ဝင်း၊ ဒေါ်ခင်စောမူနှင့် ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ
အတွင်းရေးမှူးနှင့်ကော်မတီများ ၊ တက်ရောက်ကြပြီး ဆေးကုခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပြည်သူများ၏ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးများ ကို အပြန်အလှန်ဆွေးနွေးကြသည်။
၎င်းအခမဲ့ဆေးကုသရေးအဖွဲ့တွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဒေါက်တာ စိုးသူရမှကြီးကြပ်ကုသဆောင်ရွက်ခဲ့ပြီး ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်မြို့နယ်ပါတီကော်မတီများ ၊ အရန်ပါတီကော်မတီများ၊ ပျဉ်မပင်လှ ကျေးရွာ အုပ်စုရှိ ရပ်မိ/ဖ များ ပါတီဝင်ပြည်သူများကူညီဆောင်ရွက်ခဲ့ကြောင်း ၊လူနာပေါင်း ၈၃ ဦးကုသမှုခံယူခဲ့ပြီး ဆေးအလှူငွေ (၂) သိန်းကျပ်ခန့် ကုန်ကျကြောင်းသတင်းရရှိပါသည်။

မိုးညှင်းခရိုင်ပြည်ခိုင်ဖြိုးလူငယ်ရေးရာတွေ့ဆုံပွဲအင်းတော်ကြီးဒေသတွင်ကျင်းပ

 

ယမန်နေ့ဇန်နဝါရီ(၂၄)ရက် ညနေ (၃)နာရီခွဲတွင် မိုးညှင်းခရိုင်
ပြည်ခိုင်ဖြိုးလူငယ်ရေးရာတွေ့ဆုံပွဲကိုအင်းတော်ကြီးဒေသ အင်းတော်ဓမ္မာရုံရှေ့ နဂါးရုံပတ်လမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုကော်မတီဝင်ဦးကျော်စိုးလေးတက်ရောက်ချီးမြင့်ခဲ့
သည်။

ရှေးဦးစွာလူငယ်မိတ်ဆက်ခြင်းအစီအစဉ်ကိုပြုလုပ်ပြီး မိုးညှင်း
မြို့နယ် အင်းတော်ကြီးဒေသ ပြည်ခိုင်ဖြိုးပါတီနာယက ဦးကြည်လင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ
ပြည်နယ်ပါတီလူငယ်ရေးရာတာဝန်ခံ ဦးမရမ်ဘရန်ရှောင်က
လူငယ်ရေးရာလုပ်ငန်းစဉ်များနဲ့စပ်လျဉ်ြး့ပီး ရှင်းလင်းပြောကြား
သည်။

အစီအစဉ်အရ မိုးညှင်း မိုးကောင်း ဖားကန့် ပါတီလူငယ်ရေး
ရာတာဝန်ခံများက သက်ဆိုင်ရာမြို့နယ်အလိုက် လူငယ်ရေးရာ
လုပ်ရှားမှုများကိုဆွေးနွေးတင်ပြကြသည်။