လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ယမန်နေ့မွန်းလွဲ ၃ နာရီတွင် လှိုင်သာယာမြို့နယ်ဆုတောင်း ပြည့်အောင်မြေသာယာရွှေစေတီတော်(၂၃)ကြိမ်မြောက်ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဘုရားအမှူးပြုသော ရဟန်းသံဃာ သီလရှင်အပါး ၁၅ဝ ကို ဆွမ်းဆန်စိမ်း၊ ဆပ်ပြာ၊ခေါက်ဆွဲခြောက်များ လောင်းလှူ ခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်ယု၊လှိုင်သာယာမြို့နယ် ပါတီနာယကဦးကြည်စိုး၊ လှိုင်သာယာမြို့နယ်ပါတီခေတ္တဥက္ကဋ္ဌဦးဇေယျာအောင်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကြီး(၂ဝ)ကျေးရွာကြီးကိုးအုပ်စု မှ ပါတီ ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ပါတီဝင်များစုပေါင်းလှူဒါန်းခဲ့သည်။

ပြည်ထောင်စုနေ့ဂုဏ်ပြု လူငယ်လှုပ်ရှားမှု ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မြို့နယ်ပါတီကော်မတီ သည် နှစ်(၇ဝ)ပြည့် ပြည်ထောင်စု နေ့ကို ဂုဏ်ပြုသောအားဖြင့် နွေဦး အားမာန်လူငယ်လှုပ်ရှားမှု စတုတ္ထ အကြိမ်မြောက် ရပ်ကွက်နှင့် ကျေး ရွာပေါင်းစုံပိုက်ကျော်ခြင်းခတ်ပြိုင် ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ချီးမြှင့်ပွဲ ကို မြို့နယ်ပါတီရုံး အားကစား ကွင်း၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်သည် ယခုလ ၉ ရက် နံနက် ၉ နာရီက ကော့ကရိတ်မြို့နယ် ကော့ဝါလဲကျေးရွာအုပ်စု နောင်တမံကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးအတွက် ကျောင်း ဆောင်သစ်ပန္နက်ရိုက်ခြင်း အခမ်းအနားတွင် ကိုယ်တိုင်ပန္နက်ရိုက်ခြင်း၊ ကျောင်းဆောင်သစ်အတွက် အလှူငွေ ကျပ်တစ်သိန်း လှူဒါန်းခြင်း၊ ကော့ပလံ ကျေးရွာဖျော်ဖြေရေးဒုံးအဖွဲ့အတွက် အလှူငွေကျပ် သုံးသောင်း ချီးမြှင့်ခြင်း၊ နိုင်ငံတော်မှပေးအပ်ချီးမြင့်သော သာသနာဘွဲ့တံဆိပ်တော်ရ မြို့မကျောင်း ဆရာတော်အား အလှူငွေကျပ်သုံးသောင်းကပ် လှူပူဇော်ခြင်း၊ ကမ်းနီပရိယတ္တိကျောင်း ဆရာတော်အား အလှူငွေကျပ်သုံးသောင်းကပ်လှူခြင်းများ ပြုလုပ်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

 

အမည် – ဦးစိုင်းကံ
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – စစ်ကိုင်းရွာသစ်ကြီး ဖွံ့ဖြိုးရေးသိပ္ပံ(ဆင်း)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – မိုင်းရှူးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်

ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကံ၏ ကိုယ်ရေးအကျဉ်း
******************************
၁၉၆၉ ခုနှစ် မေ ၆ ရက်တွင် အဖ ဦးဆန်းသြ၊ အမိ ဒေါ်နိုင်းမတ်တို့မှ မွေးဖွားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း သမ္မတတည်ခင်းသည့် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲတက်ရောက်

 

ဖေဖော်ဝါရီလ (၁၂) ရက်တွင် ကျရောက်ခဲ့သည့် နှစ် (၇ဝ)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော် မြို့တော်ခန်းမ၌ နိုင်ငံတော်သမ္မတမှ တည်ခင်းဧည့်ခံသည့် ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ဟိန်း တက်ရောက်ခဲ့သည်။

ရေစကြို မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ စည်းမှူး မှ အသည်းလှူဒါန်း

 

ရေစကြိုမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ အမှတ်​(၁)
ရပ်​ကွက်​ စည်းရုံး​ရေးမှူး ဦး​ငွေဝင်း(အသည်း​အလှူရှင်​)သည်​ ​ရေစကြိုမြို့နယ်​ကံဦး​ကျေးရွာ​နေ ဦးဘုန်းမြင့်​ အတွက် လိုအပ်​​နေ​သော အသည်းအား လှူဒါန်းသွားမည်​ဖြစ်​ပါသည်​။ လှူဒါန်းခွဲစိတ်​မှုအား ရန်​ကုန်​မြို့တွင်​ ကိုရီးယားအထူးကု ဆရာဝန်​ကြီးများ
ဖြင့်​ ခွဲစိတ်​ကုသ ​ဆောင်​ရွက်​မည်​ဖြစ်​ရာ
ရေစကြိုမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ အသည်း
အလှူရှင်​ ဦး​ငွေဝင်း (စည်းရုံး​ရေးမှူး)အား
ဂုဏ်​ပြုမှတ်​တမ်းတင်​ ​ပေးအပ်​ကြပါသည်​။
အဆိုပါအသည်းအလှူရှင်​ ရပ်​ကွက်
စည်းရုံး​ရေးမှူး ဦး​ငွေဝင်း ဂုဏ်​ပြုပွဲအား
မြို့နယ်​ပါတီ ဥက္ကဌ ဦးသိန်းလွင်​ ၊ အတွင်း​ရေးမှူး ဦးချမ်းမင်း၊ဘဏ္ဏာ​ရေးမှူး​ဒေါ်စန်း​စန်းရီ၊​ကော်​မတီဝင်​များဖြစ်​ကြ​သော
ဦးဝင်းနိုင်​ဦး၊ဦးစိုးထွန်း၊​ဒေါ်ဝင်းဝင်းသန့်​နှင့်
မြို့​ပေါ်ရပ်​ကွက်​ စည်းရုံး​ရေးမှူးများ တက်​​ရောက်​ ချီးမြှင့်​ကြသည်​။

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် မြန်မာကုမ္ပဏီ ၂၂ ခုကို ရွေးချယ်

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း အကောင်အထည်ဖော် ရန် လျှောက်ထားသည့် မြန်မာကုမ္ပ ဏီ ၃၀ အနက် ၂၂ ခုကို သတ်မှတ် အရည်အချည်းပြည့်စုံ၍ ရွေးချယ်ထားကြောင်း သတင်းရရှိသည်။ (more…)


မိုဘိုင်းဖုန်းများသုံးကာ အစိုးရနုတ်ထွက်ရေး တောင်းဆိုတဲ့ ရိုမေးနီးယားနိုင်ငံက ဆန္ဒပြပွဲ

ရိုမေးနီးယားနိုင်ငံက ပြည်သူထောင်ပေါင်းများစွာဟာ အအေးဒဏ်ကို အံတုပြီး လမ်းပေါ်ထွက်ကာ အစိုးရ နှုတ်ထွက်ရေးအတွက်  ထပ်မံဆန္ဒပြကြပါတယ်။

(more…)


ဒုသမ္မတ ဦးမြင့်ဆွေ ဖေဖော်ဝါရီ ၁၄ ရက်တွင် မောင်တောသို့ ရောက်မည်

မောင်တောအကြမ်း ဖက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဖေဖော်ဝါရီ ၁၄ ရက်တွင် မောင်တောနယ်စပ်ဒေသသို့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားကြိုတင်မဲပေးခွင့်ရှိသူများ ဖေဖော်ဝါရီ ၂၆ရက်တွင် မဲပေးရမည်ဟုဆို

လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံရှိ ကြိုတင်မဲပေးခွင့်ရှိသူများသည် ယခုလ ၂၆ ရက်တွင် မဲပေးရမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက သတင်း ထုတ်ပြန်သည်။ (more…)