ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည်………………………….-.ဦးစိုင်းရွှေမှုံ(ခ)ဦးစိုင်းလိတ်
ပါတီ…………………………….-.ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း…………… -.ဒသမတန်း
ဝင်ရောက်ယှဉ်ပြိုင်မည့်……….-.ကျေးသီးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်
မဲဆန္ဒနယ်………………………..ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်
…………………………………….ကိုယ်စားလှယ်လောင်း
==================================

ဦးစိုင်းရွှေမှုံ(ခ) ဦးစိုင်းလိတ်၏ ကိုယ်ရေးအကျဉ်း
==================================

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် (၆)ရပ်ကွက်ရှိ ဆုတောင်းပြည့်အောင်မြေသာယာရွှေစေတီတော် မြတ်ကြီးတွင် ယခုလ ၁၂ ရက် မွန်းလွဲ ၃နာရီက (၂၃)ကြိမ် မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာ ယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြောက် ပိုင်းခရိုင်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဒုဥက္ကဋ္ဌများနှင့် ကော်မတီဝင်များသည်ဆုတောင်းပြည့် အောင်မြေ သာယာရွှေစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မကွေးတိုင်းဒေသကြီးအတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဗဟိုအတွင်းရေးမှူး များ ဖြစ်ကြသော ဦးတင်အောင်ချစ်၊ ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်တို့ လိုက်ပါလျက် ဖေဖော်ဝါရီ (၁၄) ရက် နေ့လည် (၁၂) နာရီအချိန်က မကွေးတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီရေးရာကိစ္စများ၊ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် မိမိပါတီအောင်နိုင်ရေးနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးကိစ္စများ မှာကြားခဲ့သည်။

ပည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း ချောင်းဆုံ အရှေ့ရပ်ကွက် နှင့် အနောက်ရပ်ကွက်ရှိ မဲဆန္ဒရှင်များအား မဲဆွယ်စည်းရုံး

 

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ချောင်းဆုံတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းသည် ဖေဖော်ဝါရီလ (၁၂) ရက် နံနက်(၀၉း၃၀) နာရီချိန်မှစတင်ကာ ချောင်းဆုံမြို့ ချောင်းဆုံအရှေ့ရပ်ကွက်နှင့် အနောက် ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများအား စည်းရုံးမဲဆွယ်ခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် မြန်မာကုမ္ပဏီ ၂၂ ခုကို ရွေးချယ်

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း အကောင်အထည်ဖော် ရန် လျှောက်ထားသည့် မြန်မာကုမ္ပ ဏီ ၃၀ အနက် ၂၂ ခုကို သတ်မှတ် အရည်အချည်းပြည့်စုံ၍ ရွေးချယ် ထားကြောင်း သတင်းရရှိသည်။ (more…)


ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ မိသားစုဝင်အချို့က အချက် ငါးချက် ပါ ကြေညာချက်ထုတ်ပြန်

 

၁၉၄၇ ပင်လုံစာချုပ် ချုပ်ဆိုစဉ်က ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်ကြီး ၂၂ ဦးအနက် ၂၁ ဦး၏ မိသားစုဝင်အချို့က နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့တွင် အချက်ငါးချက်ပါ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ကြောင်း သတင်းရရှိသည်။ (more…)


ချင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ခွင့်ရပြီ

ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပခွင့်ရပြီ ဆိုတာကို ငြိမ်းချမ်းရေး ကောင်စီ က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အကြောင်းကြားခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ဘီဘီစီကို ပြောပါတယ်။ (more…)


မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း လေယာဉ်များ ပျံသန်းခွင့်ရရေး နိုင်ငံနှစ်နိုင်ငံက စာချုပ်ချုပ်ဆိုရန် ထပ်မံ ကမ်းလှမ်း

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အနောက်ဥရောပ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံနှင့် ဝေဟင်ပိုင်နက် အတွင်း လေယာဉ်များ ဖြတ်ကျော် ပျံသန်းနိုင်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုထားပြီး ထပ်မံ၍ မွန်ဂိုလီးယား နှင့် တူရကီနိုင်ငံ တို့ကလည်း စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်း လာသဖြင့် ညှိနှိုင်းဆွေးနွေး နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ (more…)


တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော ဆင်းမ်ကတ်များ တရားမဝင်အသုံးပြုနေမှုကို တားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိ

မောင်တောခရိုင်နယ်မြေအတွင်း လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် တစ်ဖက်နိုင်ငံမှ ထုတ်လုပ်တဲ့ (Sim Card) တွေ တရားမဝင်အသုံးပြုနေမှုကို တားဆီးနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနဲ့ပေါင်းစပ်ပြီး သတင်းဖော်ထုတ် ဖမ်းဆီးခြင်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိတယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး က သိရပါတယ်။ (more…)


ဘူးသီးတောင်၊မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနေ့ အထိမ်းအမှတ်စစ်တုရင် ပြိုင်ပွဲကျင်းပ

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နှစ် (၇၀) ပြည့်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ပါတီရုံးတွင် တတိယအကြိမ်မြောက်ဖြစ် ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အနိုင်ရှိသူများအား ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အသင်းလိုက် ပထမဆုများကို မြို့နယ်ပါတီဥက္ကဌ ဦးကျော်စွာသိန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ စစ်တုရင်အသင်းဥက္ကဌ ဦးမောင်ကျော်သာတို့မှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။