
ရထားလက်မှတ်များကို ဖုန်းမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်ပြီ
=================
ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိတဲ့ အမှတ်(၇)အဆန်၊ (၈)အစုန်၊ အမှတ်(၃၁) အဆန်/(၃၂)အစုန် DEMU ရထားများနှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် RBE ရထားများနှင့် စီးနင်းလိုက်ပါလိုသူ ခရီးသွားပြည်သူများအနေနဲ့ လိုက်ပါစီးနင်းလိုသည့် ခရီးစဉ်များအတွက် ရထားလက်မှတ်များကို ဖုန်းမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။
ရထားလက်မှတ်များကို ခရီးသွားမည့်ရက်မတိုင်မီ (၅)ရက်ကြိုတင်၍ သက်ဆိုင်ရာဘူတာများသို့ ခရီးသွားမည့် သူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ်၊ ရထားစီးနင်း လိုက်ပါလိုသည့် နေ့ရက်၊ ခရီးစဉ်၊ ရထားအမှတ်နှင့် တွဲအတန်းအစားတို့ကို ဆက်သွယ်အကြောင်းကြားရမှာဖြစ်ပါတယ်။








