မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအ​ဝေးပြုလုပ်

 

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ် /ရပ်ကျေး ပုံမှန်မျက်နှာစုံညီ အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၇ ရက်၊ နေ့လည် (၁းဝဝ )နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင်မြိတ်မြို့နယ်ပါတီဥက္ကဌ- ဦးမိုးမြင့်နှင့်
မြို့နယ်ပါတီကော်မတီဝင်များနှင့် ကျေးရွာ/ရပ်ကွက်
များကပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်​များ
တက်ရောက်ကြကာ ပထမဦးစွာမြို့နယ်ပါတီဥက္ကဌမှ
အမှာစကားပြောကြားပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဌာနချုပ် စုပေါင်းထမနဲထိုးပွဲသို့ တက်ရောက်အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဖေဖော်ဝါရီ (၇) ရက် နံနက် ၇ နာရီက နေပြည်တော်ရှိ ပါတီဌာနချုပ် တွင်ကျင်းပခဲ့သည့် ဌာနချုပ်စုပေါင်းထမနဲ ထိုးပွဲသို့ တက်ရောက်အားပေးခဲ့သည်။
ယင်းထမနဲထိုးပွဲကို ပါတီဌာနချုပ် အတွင်းမှ ရုံးတွင်းဌာနများအလိုက်ဝန်ထမ်း များစုပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထမနဲထိုးပွဲသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး ဌာနချုပ် အတွင်းမှ ဝန်ထမ်းမိသားစုဝင်များ စုံညီစွာ တက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။

(more…)


မေယုအက်ဖ်အမ်ကိစ္စ ရခိုင်တွင် အရေးကြီးအဆိုတင်မည်

ဘင်္ဂါလီဘာသာစကားဖြင့် အသံထုတ်လွှင့်နေသည့် မေယု FM ရေဒီယိုအစီအစဉ်ကို ရခိုင်ပြည်နယ်ရှိ မြို့များ တွင် ဖေဖော်ဝါရီ ၁၀ ရက်၌ တစ်ပြိုင်တည်း ကန့်ကွက်ဆန္ဒဖော်ထုတ်မည်ဟု သတင်းရရှိသည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် စေတနာ့ဝန်ထမ်းများကို PACE အဖွဲ့ဖိတ်ခေါ်

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်ရန် စေတနာ့ဝန်ထမ်းလုပ်အားပေးများကို ယုံကြည်ရ သော ရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) က ဖိတ်ခေါ်လိုက်သည်။ (more…)


ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်အပေါ် မူတည်၍ အပြောင်းအရွှေ့ဆောင်ရွက်မည်ဟု ပညာရေးဝန်ကြီးပြော

လာမည့်ပညာသင်နှစ် ဧပြီကစတင်၍ ဆရာ၊ ဆရာမ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ကျောင်းပြောင်း ရွှေ့မည် ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။ ကျောင်းအပြောင်းအရွှေ့ များကို ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ နယ်မြေဒေသအနီး၊ အဝေးကို ထည့်သွင်းစဉ်းစား တွက်ချက်မည် ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။ (more…)


ရွှေဝယ်လျှင် အခွန်ဆောင်ရမည်ဆိုပါက ဝယ်လိုအားလျော့ဖွယ်ရှိ

ရွှေဝယ်ယူမည်ဆိုပါက ကုန်သွယ်ခွန် သုံးရာခိုင်နှုန်း ပေးဆောင်ရန် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည့်အတွက် ဈေးတက်၍ ဝယ်လို အား လျော့ကျသွားမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။ (more…)


“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေ သံအမတ်ကြီးလာရောက်တွေ့ဆုံ”

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး H.E Ms. Tone Tinnesခေါင်းဆောင်သောအဖွဲ့ ယနေ့ နံနက် ၁၀ နာရီအချိန်က နေပြည်တော် ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ (၁) တွင် လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နော်ဝေ မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခြေအနေများ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် တို့တွင်လည်း နော်ဝေအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုဆွေးနွေး ခဲ့ကြသည်။

ရန်ကုန် ဘတ်စ်ကားစနစ်မှာ ဂျပန်ကအကြံပေးသည့် စီမံကိန်းမဟုတ်ကြောင်း ဂျပန်သံရုံး တာဝန်ရှိသူပြော

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးအတွက် ဂျပန်နိုင်ငံက အကြံဉာဏ်များ တင်ပြထားသော်လည်း YBS သည် ဂျပန်အစိုးရက တင်ပြထားသည့် စီမံကိန်းမဟုတ်ကြောင်း ဂျပန်သံရုံး တာဝန်ရှိသူများက ပြောကြားသည်။ (more…)


ကုလလက်ထောက်အတွင်းရေးမှူးချုပ်နှင့် JMC-U တွေ့ဆုံဆွေးနွေး

ကုလသမဂ္ဂလက် ထောက်အတွင်းရေးမှူးချုပ်နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) တို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

(more…)