မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မဟာဂန္ဓာရုံကျောင်းတွင် ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အဖွဲ့ နေ့ဆွမ်းလောင်းလှူစဉ်။
Union daily
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မဟာဂန္ဓာရုံကျောင်းတွင် ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အဖွဲ့ နေ့ဆွမ်းလောင်းလှူစဉ်။
Union daily
ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့အောက်ရှိ စခန်း ၁၈၆ ခုအား နယ်ကြားစောင့်ရဲတပ်ဖွဲ့ခွဲ ၄၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ၂ တို့ဖြင့် ထပ်မံ အင်အားဖြည့်တင်းပြီး တပ်မတော်နှင့်ပူးပေါင်းပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောကြားသည်။ (more…)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သောအဖွဲ့နှင့် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ ပါတီဝင်များ၊ ရပ်မိရပ်ဖများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၃နာရီက သံတွဲခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်း ရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအတိုင်ပင်ခံဦးမောင်မောင်အုန်း၊ ဗဟို ကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဒေါက်တာနန္ဒာလှမြင့်၊ သံတွဲခရိုင်ရှိ ပါတီ ဝင်များ၊ ရပ်မိရပ်ဖများ ၁၅ဝ ခန့်တက် ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးဧည့်ခန်းမ၌ ဟင်္သာတခရိုင်ပြည်ခိုင်ဖြိုး၊ ကြံခင်းမြို့နယ်ပြည်ခိုင်ဖြိုး နှင့် မြန်အောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီများမှ ရေးရာကော်မတီများ တွေ့ဆုံပွဲကို ယခုလ ၁၃ ရက်က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပါတီ ဥက္ကဋ္ဌဦးညွန့်လှိုင်၊ ခရိုင်အမျိုးသမီး ရေးရာတာဝန်ခံဒေါ်တင်မြင့်၊ ခရိုင်လူငယ်ရေးရာတာဝန်ခံ ဒေါ်ထား ထားလှိုင်၊ ခရိုင်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးအောင်ကြည် နှင့်မန်းတင်စိုးတို့ ဦးဆောင်ကာဆွေးနွေးကြပြီး ကြံခင်းနှင့် မြန်အောင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ၊အမျိုးသမီးရေးရာ၊လူငယ်ရေးရာတာဝန်ခံ များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ယခုလိုဆွေးနွေးပွဲများ ကို ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခု၌ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် မြန်အောင်မြို့နယ်တွင် ပထမဦးဆုံးကျင်းပခြင်းဖြစ် သည်ဟု ခရိုင်ပါတီဥက္ကဋ္ဌကပြောသည်။
ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဇယမေဒနီ ဝါဆိုကျောင်းဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ ရုပ်ကလာပ် တော်ထားရှိရာ ယာယီစံကျောင်းဖြစ်သည့် မဟာဝိသုဒ္ဓါရုံကျောင်း တိုက် အောင်မြေသာစည်အလယ်တိုက်ကြီးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ (၁၅) ရက် ညနေ ၄ နာရီခွဲက သွားရောက်ဖူးမြော်၍ ဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရန်အတွက် ပြည်ခိုင်ဖြိုး ပါတီမှ လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၁ဝဝ အား ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက အန္တိမဈာပန ကျင်းပရေး ကော်မတီထံသို့ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ် ပေးရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြ၍ အဆုံးအဖြတ် ခံယူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။ (more…)
ချင်းပြည်နယ် ပလက်ဝနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော AA (ရခိုင် လက်နက်ကိုင်အဖွဲ့)များ ထွက်ခွာခြင်း မပြုပါက စစ်ရေးအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံးက ပြောကြားသည်။ (more…)

၁။ ပြည်ခိုင်ဖြိုးပါတီသည် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုပါတီဖြစ်
၂။ အဆင့်ဆင့်သောပါတီဝင်များ၏ သဘောထားနှင့်ပကတိ အခြေနေများအား သိရှိလို၍ ပါတီဗဟို ဥက္ကဌ
တစ်ဦးအနေဖြင့် မြို့နယ်များအထိ ရောက်အောင်သွားပြီး ပါတီဝင်များအား တွေ့ဆုံနေခြင်းဖြစ် (more…)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဒေါက်တာနန္ဒာလှမြင့်နှင့် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး တို့သည် ဖေဖော်ဝါရီ (၁၅) ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းရွှေစက်တော် ဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပြီး အမျိုးဘာသာသာသနာ အဓွန့်ရှည် တည်တံ့စေရန်ရည်ရွယ်၍ အလှူငွေများ လှူဒါန်းခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်၌ ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၀၉း၃၀ နာရီအချိန်တွင် ဖံဖကျေးရွာနှင့် ကော့မုပွန်ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင် မိဘပြည်သူ များနှင့်တွေ့ဆုံ မဲဆွယ်စည်းရုံးခဲ့သည်။
