ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲပါက အရည်အချင်း ပြည့်မီသည့်လူမျိုးများအား ပြည်နယ်သစ် ဖော်ထုတ် ခွင့်ကို ဥပဒေနှင့်အညီ ပြဋ္ဌာန်းပေးရန် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက အဆိုပြုကြောင်း ပအိုဝ်း လက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ (more…)
ဂွမြို့နယ်ပါတီ ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ၏ လပတ်ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်
အမည် ———————- ဦးဌေးနိုင်
ပါတီ ———————– ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း —————- သိပ္ပံဘွဲ့(သင်္ချာ)၊ မဟာသိပ္ပံဘွဲ့ (ကာကွယ်ရေး)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ် မဲဆန္ဒနယ်အမှတ်(၄)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်အား SASAKAWA ဖောင်ဒေးရှင်းဥက္ကဋ္ဌ လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန် အား ဂျပန်နိုင်ငံ SASAKAWA ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA ခေါင်းဆောင်သည့် အဖွဲ့က ဖေဖော်ဝါရီ (၁၇) ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံခဲ့သည်။

တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ အခမ်းအနားမှူးသင်တန်းသို့ တက်ရောက်အမှာစကားပြောကြား
မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီးဖွင့်လှစ်သော အခမ်း အနားမှူးသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၉) ရက် နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အမှာစကား ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – ဒသမတန်း
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံး
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ယုသည် (၁၉.၂.၂၀၁၇)ရက်နေ့ နံနက်(၉)နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများကို တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်စည်းရုံးခဲ့ပါသည်။

အင်းတော်ကြီးပဋ္ဌာန်းပွဲ ပြည်ခိုင်ဖြိုးပါဝင်နွှဲမည်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီး ရေလယ်ဘုရား မဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲ ဝေယျာ ဝစ္စလုပ်ငန်းများ ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးနှင့် (ပထမအကြိမ်) အလှူငွေ ပေးအပ် လှူဒါန်းပွဲကို ဖေဖော်ဝါရီ (၁၈) ရက်က မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပခဲ့သည်။

ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြို့မိမြို့ဖများ၊ စစ်တွေ မြောက်ဦး မောင်တော ခရိုင်အတွင်းရှိ ပါတီဝင်များ တွေ့ဆုံပွဲ အမှာစကားမှ ကောက်နုတ်ချက်များ

- ပြည်နယ်၊ တိုင်းအလိုက် ပါတီဦးဆောင်မှုနေရာများ ပါတီ ဝင်များကို နယ်မြေခံတိုင်းရင်းသားအများစုဖြင့် ဖွဲ့စည်းထား။
- ပြည်နယ်၏အကျိုးစီးပွားနှင့် တိုးတက်ရာတိုးတက်ကြောင်းကို ပြည်နယ်သားများက ဦးဆောင်ဖန်တီးနိုင် စေရန် ရည်ရွယ်။
- ပါတီဌာနချုပ်အနေဖြင့် လိုအပ်ချက်ကို ပံ့ပိုးထောက်ကူပေးရန် သာဖြစ်။
- ယင်းအချက်က ဗမာလူမျိုးကြီးပါတီမဟုတ်ကြောင်းထင်ရှား။
- လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဆုံးဖြတ်ချက်အမှားအယွင်းကြောင့် ဖြစ်ပေါ်ခဲ့သော သမိုင်းဖြစ်ရပ်များ သည် ယနေ့ကာလ ပုဂ္ဂိုလ်များ လူမျိုးစုများနှင့် တိုက်ရိုက်ပတ်သက်ခြင်းမရှိ။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သ၀ဏ်လွှာ




