သဘာဝပတ်ဝန်းကျင် အမှိုက်သရိုက်များ ရှင်းလင်းရန်အတွက် မြို့နယ်စုံမှလူငယ်များစုစည်း၍ ဇွဲကပင်တောင်တက်

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူ ငယ်ရေးရာအဖွဲ့တို့ဦးဆောင်၍ ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် က ကရင်ပြည်နယ်ရှိ ဆံတော်ရှင် ဇွဲကပင်တောင်ပေါ်သို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

 

(more…)


မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆေးကုသခံပြည်သူများအား ကူညီဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ကြည် နှင့်ခရိုင်ကော်မတီ ဦးကျော်လှဦး၊ ဦးမောင် မောင်မြင့်တို့ ဦးဆောင်သော မြို့နယ်ပြည်ခိုင်ဖြိုးပါတီအဖွဲ့သည် မာန်အောင်မြို့နယ်၌ ယမန်နေ့နှင့် ယနေ့တွင် ဆေးကုသ ရန်ရောက်ရှိလာသော တပ်မတော်ပင်လယ်သွားဆေးရုံ သင်္ဘော(သံလွင်) နယ်လှည့် ကျန်းမာရေး ဆေးကုသအဖွဲ့အား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည်။

(more…)


ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဦးဌေးဦး ဟင်္သာတမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် ဟင်္သာတ ခရိုင် စက္ခုပါလဒိဖောင်ဒေးရှင်း အဖွဲ့ဝင်များ၊ ဟင်္သာ စေတနာနယ် လှည့်ဆေးကုသရေးအဖွဲ့ ဝင်များ၊ ဒီဃာယုဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များနှင့် ရပ်မိရပ်ဖများသည် ယခုလ ၁၈ ရက် နံနက်ပိုင်းက ဟင်္သာနေခြည် ဘက်စုံဖွံ့ဖြိုးရေးစင်တာ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

(more…)


ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

အမည် ————— ဦးနေလင်း
ပါတီ ——————— ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း—— BA (Hist)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် ——– ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း

 

 

(more…)


ဝါဆိုဆရာတော်ကြီး ဈာပနတွင် လုပ်အားဒါပြုခဲ့ကြသည့် ပြည်ခိုင်ဖြိုး ပါတီဝင်များအား ဂုဏ်ပြုပွဲကျင်းပ

ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ ဈာပနအခမ်းအနားတွင် လုပ်အားဒါနပြုဆောင်ရွက်ခဲ့ကြသော ပြည်ခိုင်ဖြိုးပါတီဝင်များအား ဂုဏ်ပြုပွဲကို (၂၁.၂.၂၀၁၇)ရက်နေ့ (၁၃း၀၀)အချိန်က မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဆရာတော်ကြီးဈာပနတွင် ပါဝင်လုပ်အားပေးခဲ့ကြသည့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

ကြားဖြတ်ရွေးကောက်ပွဲ ထူးခြားနေရာရှစ်ခု၌ အရပ်ဘက်အဖွဲ့အစည်းသုံးဖွဲ့ စောင့်ကြည့်မည်

ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လူနည်းစု တိုင်းရင်းသားဒေသများ၊ မသန်စွမ်းသူများ အတွက် အထူးပြုလုပ်ထားသော မဲရုံများ၊ ပြိုင်ဆိုင်မှုများသည့် မဲရုံများစသည့် ထူးခြားနေရာ ရှစ်ခုတွင် အရပ်ဘက်အဖွဲ့အစည်းသုံးဖွဲ့ စုပေါင်း၍ စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။ (more…)


ပုပ္ပားဒေသကို ယူနက်စကို၏ Geopark အဖြစ် သတ်မှတ်နိုင်ရန် စီစဉ်

သစ်တောများ ပြုန်းတီးခြင်းကြောင့် သဘာဝ စိမ့်စမ်းရေထွက်များ လျော့နည်းလာနေသည့် ပုပ္ပားဒေသကို သဘာဝ ကျောက်ဖြစ်ရုပ်ကြွင်းများပေါ် အခြေပြု၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ယူနက်စကို၏ Geopark နယ်မြေအဖြစ် အတည်ပြု သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ယူနက်စကို မြန်မာနှင့် ပုပ္ပား တောင်ချစ်သူများ အသင်းထံမှ သိရသည်။ (more…)


ဆုကြေးငွေကျပ်သိန်းတစ်သောင်းပေးမည့် ကျပ်ငါးရာတန် ထီလက်မှတ်များကို ကိုယ်စားလှယ်များထံ စတင်ဖြန့်ဝေ

ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်များကို ကိုယ်စားလှယ်များထံသို့ စတင်ဖြန့်ဝေနေကြောင်း သတင်း ရရှိသည်။ မတ်လ ၁ ရက်တွင် စတင်ရောင်းချမည့် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီကို ဖေဖော်ဝါရီ ၂၁ ရက်က စတင်၍ ပြန်လည်ရောင်းချမည့် ကိုယ်စားလှယ်များထံ စတင်ဖြန့်ဝေနေကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ (more…)


အစိုးရ၏ တစ်နှစ်အတွင်း ဆောင်ရွက်ချက်များ မတ်လ ၁ ရက်တွင် ပြည်သူထံ ချပြမည်

အစိုးရသစ်သက်တမ်း တစ်နှစ်အတွင်း ဆောင်ရွက်ချက်များကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူများထံ မတ်လ ၁ ရက်မှစတင်၍ ချပြအသိပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနထံမှ သိရသည်။ (more…)


ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံ မျှော်မှန်းထားသည်ထက် ထပ်မံရွှေ့ဆိုင်းဖွယ်ရာရှိ

ဒုတိယအကြိမ်မြောက်ကျင်းပမည့် ၂၁ရာစု ပင်လုံညီလာခံကို ၂ ပတ်နောက်ဆုတ်ထားရာမှ ၎င်းထက်ပို၍ နောက်ကျဖွယ်ရာရှိကြောင်း နိုင်ငံရေးသုံးသပ်သူများနှင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့က ခန့်မှန်းနေကြသည်။ မူလက ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကျန်ရှိနေပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ (UPDJC) အစည်းအဝေး ကျင်းပရန်လည်း ရှိနေသောကြောင့် ၂ ပတ် ရွှေ့ဆိုင်းခဲ့သည်။ (more…)