ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သောအဖွဲ့နှင့် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ ပါတီဝင်များ၊ ရပ်မိရပ်ဖများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၃နာရီက သံတွဲခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်း ရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအတိုင်ပင်ခံဦးမောင်မောင်အုန်း၊ ဗဟို ကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဒေါက်တာနန္ဒာလှမြင့်၊ သံတွဲခရိုင်ရှိ ပါတီ ဝင်များ၊ ရပ်မိရပ်ဖများ ၁၅ဝ ခန့်တက် ရောက်ခဲ့ကြသည်။