ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးအကြိမ် မဲစာရင်း မတ်လ ၂၅ ရက်နေ့အထိ ပြင်ဆင်နိုင်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို မတ်လ ၁၇ ရက်နေ့တွင် နောက်ဆုံးအကြိမ် ထုတ်ပြန်သွားမည်ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့အထိ သွားရောက် ကြည့်ရှုပြီး ပြင်ဆင်နိုင်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုလိုက်သည်။ (more…)


မူဆယ်မြို့ လုံခြုံရေး အခြေအနေကြောင့် တရုတ်-မြန်မာ ကုန်စည်ပြပွဲ ရက်ထပ်မံရွှေ့ဆိုင်း

တရုတ်-မြန်မာ (၁၆) ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအစည်းအဝေးနှင့် ကုန်စည်ပြပွဲကို မူဆယ်မြို့တွင် မတ်လအတွင်း ကျင်းပရန်စီစဉ် ထားသော်လည်း နယ်မြေဒေသ အခြေအနေ၊ လုံခြုံရေးအခြေအနေကြောင့် ထပ်မံ ရက်ရွှေ့လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ (more…)


“လောက်ကိုင်မှ စစ်ဘေးရှောင်သူ ဦးရေ ၁၂၀၀ ခန့် ရှိနေပြီ ဖြစ် “

လောက်ကိုင်မှ တိမ်းရှောင်လာသော စစ်ရှောင်ဦးရေ ၁၂၀၀ ခန့် ရှိနေပြီဖြစ်ပြီး လားရှိုးမြို့ရှိ မန်ဆူ ရှမ်းကျောင်းတွင် ခေတ္တအနားယူကာ နေရပ်အသီးသီးသို့ ပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။ (more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ အမှာစကားကောက်နုတ်ချက်(ညောင်ရွှေမြို့)

* ယနေ့ မြန်မာနိုင်ငံစီးပွားရေးအခြေအနေနှင့် တည်ငြိမ်အေးချမ်းမှုအခြေအနေမှာ အကောင်းဘက်သို့ ရှေးရှုသောအခြေ အနေမဟုတ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ အရည်အချင်းပေါ်တွင်မူတည်။
* လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုအပေါ် တာဝန်ယူ တာဝန်ခံမှုမရှိဘဲ သူတစ်ပါးကို အပြစ်ဖို့ တာဝန်လွှဲချခြင်းသည် တာဝန် ကြီးကြီးမားမား ထမ်းဆောင်ရသူတို့ ပြုမူသင့်သော အပြုအမူမဟုတ်။

 

(more…)


ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစည်းရုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် (၁) ရပ်ကွက်အတွင်း ကွင်းဆင်းစည်း ရုံးဆောင်ရွက်ခဲ့သည်။

 

(more…)


နွားထိုးကြီးပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံသတင်းမီဒီယာ သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးမှ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံ သတင်းမီဒီယာသင်တန်းဖွင့်ပွဲကို မတ်လ (၆) ရက် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

(more…)


ဘီလူးကျွန်း – ချောင်းဆုံဒေသဖွံ့ဖြိုးတိုးတက်ဖို့ ခြင်္သေ့ပါတီကို မဲ ပေးစို့

  • နိုင်ငံရေးပါတီတွေဟာ မိမိပါတီကို နိုင်ငံရေး လူမှုရေး စီးပွားရေး ပြည့်သူ့ရေးရာစီမံခန့်ခွဲရေးကိစ္စ အဖြာဖြာကို ကျွမ်းကျင်နှံ့စပ်အောင် မပြတ်လေ့လာပြင်ဆင်ပြီး အချိန်အခါရောက်လာလို့ ပြည်သူက ရွေးချယ်တာဝန်ပေးရင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားကြသလို ကျွန်တော်တို့ပါတီကိုလည်း အလားတူပြင်ဆင်လေ့ကျင့်ထားပြီးဖြစ်ပါတယ်။

(more…)


မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအဝေးကျင်းပ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ရပ်ကျေးပုံမှန်မျက်နှာ စုံညီအစည်းအဝေးကို မတ်လ( ၇ )ရက် (၁၃ဝဝ) အချိန် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးကိုမြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ကျေးရွာ/ရပ်ကွက် စည်းရုံးရေးမှူးများနှင့်အမာခံပါတီဝင်များ တက်ရောက်ကြပြီး မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုး နိုင်ငံရေးနှင့် စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဆင်း

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမအတွင်း ယခုလ ၂ ရက်က ဘုတ်ပြင်းမြိ့နယ် ပြည်ခိုင်ဖြိုး၏ နိုင်ငံရေးနှင့်စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း ဆင်းပွဲ အခမ်းအနားကို အဆိုပါရုံးခန်းမအတွင်း ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်သူက အမှာစကားပြောကြားခဲ့ပြီး သင်တန်းအား
ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ သင်တန်းသား ၆ဝ ဦးအား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး မီးဘေးသင့်ပြည်ခိုင်ဖြိုး မိသားစုများအား ပစ္စည်းများလှူဒါန်း ===========

 

ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်မှ မီးဘေးသင့် ခဲ့သည့် ပြည်ခိုင်ဖြိုးမိသားစုများအား ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းရှိ (၁၃)မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့်မြို့ နယ်ကော်မတီဝင်များစုပေါင်း၍ တန်ဖိုးငွေ ခြောက်သိန်းဖိုး ရှိသော စားသောက်ကုန်ပစ္စည်းများကို ယနေ့မွန်းလွဲ၁နာရီက ခရိုင်ပါတီ ကော်မတီဥက္ကဋ္ဌဦးနေဝင်း၊ အတွင်းရေးမှူးဦးမြင့်ဆောင်၊ ခရိုင်ကော်မတီဝင် ဒေါ်အိအိလှိုင်နှင့် ဒေါ်စန်းစန်းဝင်းတို့က မီးဘေး သင့်ပြည်ခိုင်ဖြိုးပါတီမိသားစုများအား ကိုယ်တိုင်ကိုယ်ကျသွား ရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။