ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိသော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့် အဖွဲ့သည် မတ်လ (၁၃) ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့ ပြည်နယ်ပါတီရုံးအပေါ်ထပ် ခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိသော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့် အဖွဲ့သည် မတ်လ (၁၃) ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့ ပြည်နယ်ပါတီရုံးအပေါ်ထပ် ခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။
ယနေ့ (၁၄-၃-၂၀၁၇) နံနက် ( ၀၇ : ၄၅ ) အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ၏ လူထုတွေ့ဆုံပွဲကို ကျိုင်းတုံမြို့နယ်၊ ပင်းတောက်အုပ်စု၊ ဝမ်ပင်းရွာတွင် ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစ၀်အောင်မြတ်၊ ဗဟို ကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့် တို့တက်ရောက်ခဲ့ကြပါသည်။
ဖျာပုံခရိုင် ဖျာပုံမြို့နယ် ပြည် ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သော ဖျာပုံမြို့လုံးဆိုင်ရာ (၂၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ဖျာပုံခရိုင် ရတနာ့သိဒ္ဒိ သာသနာ့ဗိမာန်တော်ကြီးမှ ပထမ လမ်း တစ်လျှောက်လောင်းလှူ ပွဲကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဟောင်းနွမ်းပျက်စီး နေပြီဖြစ်သော မြို့နယ်ပါတီဆိုင်းဘုတ်ကို အသစ် ပြန်လည်စိုက်ထူခြင်း အခမ်းအနားကို မတ်လ (၁၃) ရက် နံနက် (၈) နာရီ (၄၅) မိနစ်အချိန်က ကျင်းပခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မတ်လ (၁၃) ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်ခိုင်ဖြိုးရိပ်သာ၌ မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်အပြစ်ပေးခံရသော မြန်မာလုပ်သားနှစ်ဦးအား ထိုင်း နိုင်ငံ ဗဟိုတရား ရုံးချုပ်သို့ အယူခံဝင်တင်သွင်းရန် မြန်မာနိုင်ငံမှ ဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့စေလွှတ်ရန် ဆောင်ရွက်နေ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် လ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။ (more…)
နိုင်ငံ့ဝန်ထမ်းများအား မူလက ခံစားခွင့်ပြုထားသော မဟာသင်္ကြန်ပိတ်ရက် ၁၀ ရက်ကို တစ်ဆက်တည်း ခံစားခွင့်ရရှိရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားသည်။ (more…)
၁၃ – ၃- ၂၀၁၇ ရက်နေ့၊ နေ့လည်( ၁၂ : ၅၀ )အချိန်တွင် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် အထွေထွေအတွင်းရေး မှူး ဦးသက်နိုင်ဝင်း ၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစစ်ဝ်အာင်မြတ်၊ ဗဟိုကော်မတီဝင်ဒေါက်တာ နန္ဒာလှမြင့်တို့နှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ကြ ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ၁၁ – ၃ – ၂၀၁၇ရက်နေ့ ၁၀း ၃၀နာရီတွင် မြို့နယ် ပါတီ ကော်မတီဝင်များ ၊ မြို့နယ် အရံ ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်း ပရာ ခရိုင်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးအောင် တိုး တက်ရောက်လမ်းညွှန်စကားပြောကြားခဲ့ ပါ သည် ။
အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၂.၃. ၂၀၁၇)ရက်နေ့ နံနက်၆း၃၀အချိန်တွင် မန္တလေးတောင်တော်၌ ဆွမ်းဆန်စိမ်း
လောင်းလှူပွဲကို သံဃာတော်အရှင်သူမြတ်(၄၆)ပါးတို့အား ဆွမ်းဆန်စိမ်းများလောင်းလှူဒါန်းခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ မြို့နယ်ပါတီဥက္ကဌဦးကိုကိုလေး၊ အတွင်းရေးမှူးဦး
ညီညီမင်းနှင့်မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်စည်းမှူးများနှင်ပါတီဝင်များ
ချမ်းအေးသာစံမြို့နယ်မှမြို့နယ်ကော်မတီဝင်များနှင့်ပါတီဝင်များမှစုပေါင်းလှူဒါန်းခဲ့ကြပြီးဆွမ်းဆန်စိမ်းလာရောက်လှူဒါန်းကြသောကုသိုလ်ရှင်နှင့် ဧည့်ပရိတ်သတ်တို့အားအအေးဗူးများဖြင့်ဧည့်ခံခဲ့ပါသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး