ကော့သောင်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမအတွင်း ယခုလ ၃ ရက်မှစ၍ ပြည်ခိုင်ဖြိုးနှင့် Golden Key Leaguage Centre တို့ ပူးပေါင်းဖွင့်လှစ်သော ပညာဒါနအခမဲ့ အင်္ဂလိပ်စကားပြောသင်တန်းကို နေ့စဉ်အချိန် သုံးပိုင်းခွဲ၍ သင်ကြားပေးလျက်ရှိသည်။

(more…)


မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စလွန်း-မင်းသန်း ကျေးရွာချင်းဆက် တံတားဆောက်လုပ်နိုင်ရေး အတွက် ငွေကျပ်(၁)သိန်း ထည့်ဝင်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ လိုက်ပါသည့်ဖွဲ့က မြို့နယ်တွင်း ရှိဒေသခံများနှင့်ကွင်း ဆင်း တွေ့ဆုံပြီးဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လိုအပ်ချက်များနှင့်အခက်အခဲများအား ပြည်သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၉ ရက် ၊ နံနက်တွင် စလွန်းကျေးရွာနေ ဒေသခံပါတီဝင်များ၊ ရပ်မိရပ်ဖ များနှင့်ကျေးရွာမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

 

(more…)


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ မဲဆွယ်စည်းရုံးရေးများ ပါဝင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက် သီရိမင်္ဂလာ ဥယျာဉ်အိမ်ရာတွင် ယမန်နေ့ ညနေ ၄ နာရီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးက မဲဆန္ဒရှင်ပြည်သူများအား တစ်အိမ် တက်ဆင်း ကွင်းဆင်းစည်းရုံးရာ အလုံပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်သူရ နှင့် မြို့နယ်ကော်မတီဝင်များ ဝန်းရံကူညီကြသည့် စမ်းချောင်း၊ လသာ၊ ကျောက်တံတား၊ ဒဂုံမြို့နယ်တို့မှ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ၊ ဗဟိုကော်မတီဝင်ဦးတင်ဝင်း၊ ဒေါ်သင်းသင်းမိုး၊ အနောက်ပိုင်း ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမြင့်ဆောင်နှင့် ခရိုင်ကော်မတီ ဝင်များလိုက်ပါ၍ အားပေးကူညီ ဆောင်ရွက်ခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကယားပြည်နယ် လွိုင်ကော်မြို့ ရပ်မိရပ်ဖ ပါတီဝင်များနှင့်တွေ့ဆုံပွဲမှ အမှာစကား ကောက်နုတ်ချက်

  • မြို့ပြတွေမှာ ဖွံ့ဖြိုးတိုးတက်နေသလို ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေမှာလည်း အေးချမ်း သာယာစေချင်၊ ဖွံ့ဖြိုးစေချင်။

(more…)


နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပြဋ္ဌာန်း

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို (၂၀၁၇) ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၅)အဖြစ် မတ်(၈)ရက် ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးပြီး ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။ (more…)


ကမ္ဘာ့ရွှေဈေးကျ၍ ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုး ပြန်တက်

သွင်းကုန်အတွက် ပြည်ပသို့ အမေရိကန်ဒေါ်လာ အလွှဲနည်းသော်လည်း ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးကျဆင်း လာခြင်းကြောင့် ပြင်ပဈေးကွက်၌ ဒေါ်လာဈေး ပြန်လည်မြင့်တက်လာသည်။ ယခုရက်ပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပဲမျိုးစုံတင်ပို့မှု၊ ပြည်ပဆန်တင်ပို့မှုတို့မှ အမေရိကန်ဒေါ်လာ အ၀င်အနည်းငယ် တိုးမြင့်လာပြီး သွင်းကုန်အတွက် ပြည်ပသို့ ငွေလွှဲပေးပို့မှု နည်းနေကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ (more…)


နိုင်ငံတကာ မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ဂျာမနီနှင့် အမေရိကန်နိုင်ငံမှ နောက်ဆုံးပေါ် နည်းပညာများ ပြသမည်

သတ္တမအကြိမ်မြောက် နိုင်ငံတကာ မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ဂျာမနီနဲ့ အမေရိကန်နိုင်ငံက လက်ဝတ် ရတနာ ဖန်တီးပြုလုပ်ပုံနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ပြသသွားမှာဖြစ်တယ်လို့ Asia Connect International Ltd. ဒါရိုက်တာ MR. Michael Khaniss Jand ရဲ့ ပြောကြားချက်အရ သိရပါတယ်။ (more…)


သင်္ကြန်ကာလမှာ နေရပ်ပြန်ဖို့ မြန်မာလုပ်သားတွေကို ထိုင်းအစိုးရက ခွင့်ရက် ၂၀ ပေး

အဆိုပါကာလမှာ နေရပ်ပြန်မယ့် ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုတွေ မပြုလုပ်ဖို့ သဘောတူထားပါတယ်။ (more…)


မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟို အလုပ်အမှုဆောင်များ နုတ်ထွက်မည်

မွန်ပြည်သူများ လိုလားသော မွန်ပါတီများ ပေါင်းစည်း ညီညွတ်ရေးကို မဖော်ဆောင်သည့်အတွက် နှုတ်ထွက်ရခြင်း ဖြစ်ကြောင်း၊ ပါတီမှ နှုတ်ထွက်ရန်   ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးလည်း ပါဝင်ကြောင်း၊ မိမိတို့ ပါတီဝင်နှစ်ဦးမှ ဆုံးဖြတ်ချက်ချထားပြီး မိမိတို့၏ ခံယူချက်သဘောထားကိုလည်း ကြေညာထား ပြီး ဖြစ်ကြောင်း၊ ဗဟိုကော်မတီအချို့နှင့်အတူ မြို့နယ် ပါတီဝင်အချို့လည်း နုတ်ထွက်ရန် အစီအစဉ်ရှိကြောင်း ပါတီမှ နုတ်ထွက်မည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောက်စာက ပြောကြားသည်။ (more…)


လွိုင်ကော်နှင့် မယ်ဟောင်ဆောင်မြို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်

ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တို့အကြား စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန် တည်ဆောက်ရန် ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ရန် လက်မှတ်ရေးထိုး ချုပ်ဆိုပွဲကို ယနေ့ (မတ်လ ၉ ရက်) ကျင်းပခဲ့ကြောင်း ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။ (more…)