အောင်မြေသာစံ ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၂.၃. ၂၀၁၇)ရက်နေ့ နံနက်၆း၃၀အချိန်တွင် မန္တလေးတောင်တော်၌ ဆွမ်းဆန်စိမ်း
လောင်းလှူပွဲကို သံဃာတော်အရှင်သူမြတ်(၄၆)ပါးတို့အား ဆွမ်းဆန်စိမ်းများလောင်းလှူဒါန်းခဲ့ပါသည်။

အဆိုပါလှူဒါန်းပွဲသို့ မြို့နယ်ပါတီဥက္ကဌဦးကိုကိုလေး၊ အတွင်းရေးမှူးဦး
ညီညီမင်းနှင့်မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်စည်းမှူးများနှင်ပါတီဝင်များ
ချမ်းအေးသာစံမြို့နယ်မှမြို့နယ်ကော်မတီဝင်များနှင့်ပါတီဝင်များမှစုပေါင်းလှူဒါန်းခဲ့ကြပြီးဆွမ်းဆန်စိမ်းလာရောက်လှူဒါန်းကြသောကုသိုလ်ရှင်နှင့် ဧည့်ပရိတ်သတ်တို့အားအအေးဗူးများဖြင့်ဧည့်ခံခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ရှေ့ဟောင်းသမိုင်းဝင်ဘုရား ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲသို့ တက်ရောက်

 

ရှေးဟောင်းသမိုင်းဝင် မွေ​တော်​ကက္ကူဘုရား ဆုတောင်းပြည့် အာသောက
စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပွဲနှင့်
ဗုဒ္ဓပူဇနိယပွဲတော်သို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦီးသိန်းစိန်
တက်ရောက်ကာ ၎င်းဝတ်ဆင်ထားတဲ့ လက်စွပ်တစ်ကွင်းအား ဘုရားစိန်ဖူးတော်မှာရစ်ချည်ပြီး ကုသိုလ်ဖြစ်ကပ်လှူ လှူခဲ့ကြောင်း သိရသည်။


ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်များ နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနား ကို မတ်လ (၁၀) ရက် နံနက် ၉ နာရီက ပုသိမ်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ လှိုင်နှင့် ကြည့်မြင်တိုင်မြို့နယ် ကော်မတီဝင်များ ဝန်းရံသူများ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီသည် မတ်လ (၁) ရက် မွန်းလွဲ (၁) နာရီအချိန်က ရန်ကုန်အနောက် ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပါတီရုံးတွင် ပါတီဝင်များ၊ ၀န်ရံသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။ ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်သည် မွန်းလွဲ (၃) နာရီအချိန်တွင် ကြည့်မြင်တိုင်မြို့နယ်ပါတီရုံးတွင် ပါတီဝင်များ၊ ၀န်ရံသူများ၊ ရပ်မိရပ်ဖများနှင့် ထပ်မံတွေ့ဆုံခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ကုန်ဆုံးရန် ရက်ပိုင်းအလိုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာလေးဘီလျံကျော်ရှိပြီး လက်ရှိ ဘဏ္ဍာနှစ် ကုန်သွယ်မှုလိုငွေ ခန့်မှန်းချက်ထက် မြင့်မားနေ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်ဆုံးရန် ရက်ပိုင်းသာလိုတော့ချိန်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ၂၅ ဘီလျံ ကျော်ရှိကာ  ကုန်သွယ်မှုလိုငွေ ဒေါ်လာလေးဘီလျံကျော်ရှိနေပြီး လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုလိုငွေ ခန့်မှန်းထားချက်ထက် မြင့်မားနေကြောင်း သိရသည်။ (more…)


ငလျင်လှုပ်ခတ်မှုကြောင့် တိုက်ကြီးမြို့ရှိ စေတီ၊ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တချို့ ပျက်စီးခဲ့ပြီး လူ (၂ဝ)ကျော် ဆေးရုံတင်ပို့ထား

ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီးမြို့ရဲ့အနောက်-အနောက်တောင်ဘက် (၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် တိုက်ကြီးမြို့ရှိ စေတီ၊ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့ပြီး လူ (၂ဝ) ကျော် ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတင်ပို့ထားရတယ်လို့ တိုက်ကြီးမြို့နယ် အုပ်ချုပ် ရေးမှူးပြောပြချက်အရ သိရပါတယ်။

(more…)


ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် (Global Hope) တို့ ပူးပေါင်း၍ စတုတ္ထ အကြိမ်မြောက် နေပြည်တော်တွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက် မှုဆောင်ရွက်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် မတ် (၁၀) ရက် မွန်းလွဲ ၁နာရီမှ စတင်၍ ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ ကျန်းမာရေး စောင့် ရှောက်မှု လူမှုအဖွဲ့အစည်း (Global Hope) တို့ ပူးပေါင်း၍ ဒေသခံပြည်သူ များအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ဆောင်ရွက်ပေးခဲ့သည်။

 

(more…)


ငှက်တောင်ချောင်းတံတားအား ပြည်ခိုင်ဖြိုးပါတီ နယ်မြေများတာဝန်ခံများ ဦးဆောင်၍ ပြုပြင်တည်ဆောက်

ဝါးခယ်မမြို့နယ် ကဝဲညောင်ချောင်းကျေးရွာတွင် အုန်း၊သစ်သားတို့ဖြင့် ဆောက်လုပ်ထားသော ငှက်တောင်ချောင်းကူးတံတားအား ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံများ ဦးဆောင်၍ ခိုင်မာတောင့်တင်းသော သံတံတား တစ်ချောင်းအဖြစ် ပြုပြင်တည်ဆောက်လျက်ရှိပြီး၊ ထိုသို့တည်ဆောက်ရာ၌ အများပြည်သူသွားလာရာတွင် အခက်အခဲများမဖြစ်ပေါ်စေရေးနှင့် အလျှင် အမြန် ပြီးစီးနိုင်ရန် နေ့ရောညပါ ကြိုးစားအားထုတ် ဆောင်ရွတ်လျက်ရှိနေမှု ကို ဓာတ်ပုံမှက်တမ်းများနှင့်တကွ တင်ပြအပ်ပါသည်။

“ပြည်သူ့အကျိုးအတွက်…….. အမြဲအသင့်ရှိနေတာ ……… ပြည်ခိုင်ဖြိုးပါ”

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး လှိုင်သာယာမြို့နယ် ပြည်သူလူထုနှင့် တွေ့ဆုံ အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်

* ဒီမိုကရေစီခေတ်မှာ ပြည်သူလူထုဆိုတာ ကိုယ်လိုချင်တဲ့လူကို ရွေးတာပဲ။ အဲ့ဒီတော့ ကျွန်တော်မှာချင် ၏တာ က ပါတီကို ကြည့်ပြီးတော့ ခေါင်းဆောင်လုပ်တဲ့လူ တစ်ယောက်တည်းကိုကြည့်ပြီးတော့ ရွေးချယ်မှု မလုပ်ပါနဲ့။ ခင်ဗျားတို့ မြို့ကိုခေါင်းဆောင်မယ့် ကိုယ်စားလှယ်လောင်းရဲ့အရည်အချင်းကိုလည်း ကြည့်ပါ။ ပြီးတော့မှ အဲ့ဒီပုဂ္ဂိုလ်ပါဝင်နေတဲ့ ပါတီရဲ့ မူဝါဒတွေလမ်းစဉ်တွေ ဘယ်လောက်ကောင်းလဲ ဘာတွေလုပ်ခဲ့ သလဲဆိုတဲ့ အတိတ်သမိုင်းကိုလဲ ပြန်ကြည့်ပါ။ (more…)