ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပါတီကော်မတီဝင်များ ပါတီအောင်နိုင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပါတီအောင်နိုင်ရေး ကော်မတီအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီမှစတင်ကာ မြို့နယ်ပါတီအောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်း အင်အား ၅ဝ နှင့်အတူ အဝိုင်းကျေးရွာနှင့် မလစ် ကျေးရွာ အရှေ့ပိုင်းအတွင်းရှိ ဒေသခံ မိဘပြည်သူများထံ အဖွဲ့များဖြန့်ခွဲ၍ ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံမည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးနေလင်း၏ အောင်နိုင်ရေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ပါတီဝင်များမှ ပြည်သူ့အား ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ ပြည်သူတို့၏ သိရှိလိုသည့်အချက်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ကြသည်။

ယခုနှစ်နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလှည့်ကျ ဓာတ်အားဖြတ်တောက်မည်

၂၀၁၇ ခုနှစ် နွေရာသီ ဧပြီ၊ မေ၊ ဇွန်လ ပူပြင်းလာသည့်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အရ လျှပ်စစ် ဓာတ်အားကို တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း အလှည့်ကျ ဓာတ်အားဖြတ်တောက် မည့်အစီအစဉ်များ ကို စီမံထားရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက မတ် ၁၆ ရက် နံနက်က နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရုံး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။ (more…)


အခွန်မကောက်မီ ရွှေဝယ်စုဆောင်းသူ များပြားနေ

ဧပြီတွင် လက်ဝတ်ရတနာများကို အခွန် ၁ ရာခိုင်နှုန်း စတင် ကောက်ခံမည်ဖြစ်သောကြောင့် အခွန် မဆောင်မီကာလအတွင်း ရွှေဝယ်ယူစုဆောင်းသူ များပြားနေသည်။ (more…)


ကွန်တိန်နာယာဉ်များ ရန်ကုန်၌ နေ့လယ်ပိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြု

ရန်ကုန်မြို့တော် ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းမကြီးတွင် ကုန်သေတ္တာ (ကွန်တိန်နာ) ယာဉ်နှင့် ကုန်တင်ယာဉ်များ နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြန်လည်ဖြတ်သန်းမောင်းနှင်ခွင့်ကို မတ်လ ၁၆ ရက်နေ့မှစ၍ ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ (more…)


ဆိပ်ကမ်းမြို့နယ်၌ ပြည်ခိုင်ဖြိုးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

မဲရုံ၌တာဝန်ပေးအပ်မည့် ပါတီဝင်မဲရုံကိုယ်စားလှယ်များ၏ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယခုလ ၁၄ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မြန်အောင်ပြည်ခိုင်ဖြိုး အမျိုးသမီးများတွေ့ဆုံပွဲကျင်းပ

 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၏ အမျိုးသမီးများတွေ့ဆုံပွဲကို ယမန်နေ့က မြန်အောင်မြို့နယ် အင် ပင်ကျေးရွာရှိမြို့မပရဟိတကျောင်း တိုက်တွင်ကျင်းပခဲ့ကြသည်။
တွေ့ဆုံပွဲတွင် မြန်အောင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူး ဦးနေဝင်းဇော်က အဖွင့်အမှာ စကားပြောကြားခြင်း၊ ဘဏ္ဍာရေး မှူးအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ် မြတ်သူက အမျိုးသမီးတွေ့ဆုံပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း၊ အမျိုး သမီးအဖွဲ့ခေါင်းဆောင် ဒေါ်ခိုင်ခိုင် ဦးက အမျိုးသမီးများအကြမ်းဖက် မှုမှ ကာကွယ်နိုင်ရေးဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြပြီး တွေ့ဆုံပွဲ တက်ရောက်လာသော အမျိုးသမီး များက အစုအဖွဲ့လိုက်ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

လားရှိုးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်း ပြည်ခိုင်ဖြိုးပါတီ ကော်မတီအဖွဲ့နှင့် တွေ့ဆုံ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီအဖွဲ့နှင့် မတ်လ (၁၆) ရက် မွန်းလွဲ ၂ နာရီက ပြည်နယ် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ထိုသိုတွေ့ဆုံရာတွင် ရပ်/ ကျေး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးမှု၊ လို အပ်ချက်များ၊ ဆက်လက်ဆောင် ရွက်ရန်လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ဆူးလေကုန်းကျေးရွာ မဲဆန္ဒရှင် များနှင့်တွေ့ဆုံပွဲ တက်ရောက်အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် မတ်လ (၁၆) ရက် မွန်းလွဲ ၂ နာရီတွင် မုံရွာမြို့နယ် မဲဆန္ဒနယ် ဆူးလေကုန်းကျေးရွာတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်၏ မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက် အားပေးခဲ့သည်။

သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှစ်စဉ်ပါတီကြေးပေးအပ် လူငယ် များနှင့်တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်နှစ်စဉ် ကြေးပေးအပ်ပွဲနှင့် လူငယ်တွေ့ဆုံပွဲကို မတ်လ (၁၆) ရက် မွန်းတည့် ၁၂ နာရီက သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းက အမှာစကား ပြောကြားပြီး နောက်ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌ ၆၆ ဦးတို့က ပါတီဝင်များ၏ ပါတီဝင် နှစ်စဉ်ကြေးများ အသီးသီးပေးအပ်ကြရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် နယ်မြေတာဝန်ခံတို့က လက်ခံရယူကြသည်။