မီးဘေးသင့်ပြည်သူများအားး ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးခရိုင် ပါတီကော်မတီဝင် ဦးဝင်းမောင်၊ အောင်မြေသာစံမြို့နယ် ပါတီဥက္ကဌ ဦးကိုလေးနှင့် ကော်မတီဝင်များသည် လွန်ခဲ့သောရက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် အိုးအိမ်များ ဆုံးရှုံးသွားသော အမရဌာနီအရှေ့ရပ်ကွက် အကွက်(၄၅)ရှိ ပြည်သူများ ခေတ္တခိုလှုံနေထိုင်သော ထားဝယ်ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် မီးဘေးကယ်ဆယ်ရေးစခန်းသို့ မတ်လ (၉) ရက် ညနေပိုင်းက သွားရောက်ကာ မီးဘေးသင့် မိဘပြည်သူများကို အားပေးစကားပြောကြားပြီး မီးဘေးသင့် အိမ်ထောင်စု (၁၇)စုအတွက် တစ်စုလျှင် အလှူငွေ (၂၀၀၀၀ိ/-)ဖြင့် စုစုပေါင်း (၃၄၀၀၀၀ိ/-) အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းဝေးကို ယနေ့ (မတ်လ ၁၀ ရက်) နံနက်ပိုင်းက မင်းဘူး/စကုမြို.နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုပါတီကော်မတီဝင် တိုင်းလူငယ်ရေးရာ တာဝန်ခံ ဦးကျော်သူဦး၊ တိုင်းအရံပါတီကော်မတီ ဦးအေးသူ၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နှင့် ပါတီကော်မတီ ဝင်များ ရပ်ကွက် ကျေးရွာပါတီခေါင်းဆောင်များ တတ်ရောက်ပြီး လူငယ်ကေဒါတိုးပွားလာရေးကို ခရိုင် လူငယ် အတွင်းရေးမှူး ဦးဝင်းနိုင်၊ မြို.နယ်လူငယ်တာဝန်ခံ ဦးလမင်းအောင်နှင့်အဖွဲ့အား လုပ်ဆောင်ရမည့်တာဝန်များအား ထမ်းဆောင်နိုင်ရန် ကျေးရွာအရောက် ကူညီပံ့ပိုးနိုင်ရေး ပူပေါင်းပါဝင်ရေး ဆွေးနွေးပြီး မြို့နယ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန္ဒာဝင်းထွန်းနှင့် အဖွဲ့ဝင် ဒေါ်ကေသွယ်မိုးတို့မှ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

လောက်ကိုင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ထမင်းထုပ်၊ မုန့်ထုပ်များ၊ ရေသန့်ဗူးများ ဝေငှ လှူဒါန်း

လောက်ကိုင်မြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်သို့ပြန်လည်ထွက်ခွာကြမည့် စစ်ဘေးရှောင် ပြည်သူ (၅၀၀)ခန့်သည် မန္တလေး၊ ပြည်ကြီးတံခွန်မြို့ရှိ ကျွဲဆည်ကန်ကားကြီးကွင်းတွင် (၈.၃.၂၀၁၇) ရက်နေ့ ညပိုင်းက ခေတ္တရောက်ရှိနေရာ မတ်လ (၉) ရက် နံနက် (၉) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ မန္တလေးခရိုင် ပါတီကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ ပြည်ကြီးတံခွန် မြို့နယ်ပါတီဥက္ကဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီ အမာခံအဖွဲ့များမှ သွားရောက်၍ အားပေးစကားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော ထမင်းထုပ်များ၊ မုန့်ထုပ်များ၊ ရေသန့်ဗူးများ ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ကော့သောင်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမအတွင်း ယခုလ ၃ ရက်မှစ၍ ပြည်ခိုင်ဖြိုးနှင့် Golden Key Leaguage Centre တို့ ပူးပေါင်းဖွင့်လှစ်သော ပညာဒါနအခမဲ့ အင်္ဂလိပ်စကားပြောသင်တန်းကို နေ့စဉ်အချိန် သုံးပိုင်းခွဲ၍ သင်ကြားပေးလျက်ရှိသည်။

(more…)


မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စလွန်း-မင်းသန်း ကျေးရွာချင်းဆက် တံတားဆောက်လုပ်နိုင်ရေး အတွက် ငွေကျပ်(၁)သိန်း ထည့်ဝင်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ လိုက်ပါသည့်ဖွဲ့က မြို့နယ်တွင်း ရှိဒေသခံများနှင့်ကွင်း ဆင်း တွေ့ဆုံပြီးဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လိုအပ်ချက်များနှင့်အခက်အခဲများအား ပြည်သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၉ ရက် ၊ နံနက်တွင် စလွန်းကျေးရွာနေ ဒေသခံပါတီဝင်များ၊ ရပ်မိရပ်ဖ များနှင့်ကျေးရွာမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

 

(more…)


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ မဲဆွယ်စည်းရုံးရေးများ ပါဝင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက် သီရိမင်္ဂလာ ဥယျာဉ်အိမ်ရာတွင် ယမန်နေ့ ညနေ ၄ နာရီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးက မဲဆန္ဒရှင်ပြည်သူများအား တစ်အိမ် တက်ဆင်း ကွင်းဆင်းစည်းရုံးရာ အလုံပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်သူရ နှင့် မြို့နယ်ကော်မတီဝင်များ ဝန်းရံကူညီကြသည့် စမ်းချောင်း၊ လသာ၊ ကျောက်တံတား၊ ဒဂုံမြို့နယ်တို့မှ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ၊ ဗဟိုကော်မတီဝင်ဦးတင်ဝင်း၊ ဒေါ်သင်းသင်းမိုး၊ အနောက်ပိုင်း ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမြင့်ဆောင်နှင့် ခရိုင်ကော်မတီ ဝင်များလိုက်ပါ၍ အားပေးကူညီ ဆောင်ရွက်ခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကယားပြည်နယ် လွိုင်ကော်မြို့ ရပ်မိရပ်ဖ ပါတီဝင်များနှင့်တွေ့ဆုံပွဲမှ အမှာစကား ကောက်နုတ်ချက်

  • မြို့ပြတွေမှာ ဖွံ့ဖြိုးတိုးတက်နေသလို ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေမှာလည်း အေးချမ်း သာယာစေချင်၊ ဖွံ့ဖြိုးစေချင်။

(more…)


နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပြဋ္ဌာန်း

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို (၂၀၁၇) ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၅)အဖြစ် မတ်(၈)ရက် ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးပြီး ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။ (more…)


ကမ္ဘာ့ရွှေဈေးကျ၍ ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုး ပြန်တက်

သွင်းကုန်အတွက် ပြည်ပသို့ အမေရိကန်ဒေါ်လာ အလွှဲနည်းသော်လည်း ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးကျဆင်း လာခြင်းကြောင့် ပြင်ပဈေးကွက်၌ ဒေါ်လာဈေး ပြန်လည်မြင့်တက်လာသည်။ ယခုရက်ပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပဲမျိုးစုံတင်ပို့မှု၊ ပြည်ပဆန်တင်ပို့မှုတို့မှ အမေရိကန်ဒေါ်လာ အ၀င်အနည်းငယ် တိုးမြင့်လာပြီး သွင်းကုန်အတွက် ပြည်ပသို့ ငွေလွှဲပေးပို့မှု နည်းနေကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ (more…)


နိုင်ငံတကာ မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ဂျာမနီနှင့် အမေရိကန်နိုင်ငံမှ နောက်ဆုံးပေါ် နည်းပညာများ ပြသမည်

သတ္တမအကြိမ်မြောက် နိုင်ငံတကာ မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ဂျာမနီနဲ့ အမေရိကန်နိုင်ငံက လက်ဝတ် ရတနာ ဖန်တီးပြုလုပ်ပုံနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ပြသသွားမှာဖြစ်တယ်လို့ Asia Connect International Ltd. ဒါရိုက်တာ MR. Michael Khaniss Jand ရဲ့ ပြောကြားချက်အရ သိရပါတယ်။ (more…)