Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၃၄) ဦး တွေ့ရှိ

(၁၇-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၅၃၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၄၅) ရာခိုင်နှုန်း ရှိပါသည်။

နိုင်ငံသား အသိအမှတ်ပြု ကတ္တစ္ခုခု ကိုင်ဆောင်ထားပြီး သန်းခေါင်စာရင်းရှိမှသာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရမည်ဟု UEC ဥက္ကဋ္ဌ ပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးက စက်တင်ဘာ ၁၅ ရက်နံနက် ၉ နာရီတွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့်မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာညှိနှိင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

UEC အနေဖြင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးပါက ဖွဲစည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဟု ပြောသည်။

K Pay က နိုင်ငံခြားလုပ်သား လစာငွေလွှဲများကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် ငွေလွှဲများ လက်ခံထည့်ပေးမည် ဖြစ်ကြောင်း အတည်ပြု

ကမ္ဘောဇဘဏ် (K Pay) က နိုင်ငံခြားလုပ်သား လစာငွေလွှဲများကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် ငွေလွှဲများ လက်ခံထည့်ပေးမည်ဖြစ် ကြောင်း အတည်ပြုကြောင်း Hana Bank Myanmar Page က ထုတ်ပြန်ထားသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၅၉) ဦး တွေ့ရှိ

၁၄-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမွ (၁၅-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၈၃၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၅၉) ဦး တွေ့ရှိရပါသည်။ ထိုကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၁၉) ရာခိုင်နှုန်း ရှိပါသည်။

ရန်ကုန်တွင် 92 တစ်လီတာ၂၅၀၀ နီးပါးပြန်ဖြစ်လာ

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ စက်တင်ဘာ(၁၄)ရက် အတွက် စက်သုံးဆီဈေးနှုန်းတွေအရ ရန်ကုန်မှာ အောက်တိန်း 92 တစ်လီတာကို ၂၄၈၅ ကျပ် အထိ ပြန်တက်လာတာကို တွေ့ရပါတယ်။

စက်တင်ဘာ(၁၄)ရက်အတွက် စက်သုံးဆီဈေးနှုန်းတွေအရ ရန်ကုန်မှာ အောက်တိန်း92တစ်လီတာကို ၂၄၈၅ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၅၇၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၃၀၆၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၃၁၅၀ ရှိပါတယ်။

မြန်မာလုပ်သား ၈၀၀ ကျော် ချစ်ကြည်ရေးအမှတ်(၂)တံတားမှ ထိုင်းသို့ဝင်ရောက်

ထိုင်းနိုင်ငံသို့ MoU မြန်မာလုပ်သား ၈၀၀ ကျော်ကို မြ၀တီမဲဆောက် ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စက်တင်ဘာ ၁၃ ရက်က ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။

Htay Service Agent ကုမ္ပဏီမှစေလွှတ်ခဲ့သည့် အလုပ်သမား ၁၉၃ ဦးသည် ဗန်ကောက်မြို့နှင့် ဘန်ကပိမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက် အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်း မိထ္တီလာလမ်းတွင် ခရီးသည်တင်ယာဉ် ၂ စီးနှင့် Dyna တစ်စီးတိုက်မိ ၁၂ ဦးသေ ၁၇ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်းတွင်  စက်တင်ဘာလ ၁၄ ရက် ညပိုင်းတွင် ခရီးသည်တင်ယာဉ် ၂ စီးနှင့် Dyna တစ်စီးတိုက်မိခဲ့ပြီး(၁၂) ဦးသေဆုံးကာ (၁၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၃၈၄) ဦး တွေ့ရှိ

(၁၃-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၁၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၈၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၃.၁၇) ရာခိုင်နှုန်း ရှိပါသည်။

ပေါင်မြို့နယ်အတွင်း ကျောင်းသားကျောင်းသူများအပါအဝင် COVID-19 Postitive လူနာသစ်ခုနစ်ဦး ထပ်မံတွေ့ရှိ

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း စက် တင်ဘာ ၁၂ ရက်က ကျောင်းသား ကျောင်းသူ များအပါအဝင် COVID-19 Postitive လူ နာသစ်ခုနစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ပေါင် မြို့နယ်အခြေစိုက် ပရဟိတလူမှုကူညီကယ် ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။

တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားများကို ပြန်လည်လက်ခံလျက်ရှိ

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမားများကို တောင်ကိုရီးယားအစိုးရက ပြန်လည်လက်ခံလျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး၏ထုတ်ပြန်ချက်အရသိရသည်။

စက်တင်ဘာ ၁၃ ရက် တွင် မြန်မာနိုင်ငံမှ တရား၀င်အလုပ်သမား ၁၁၁ ဦးမှာ ရန်ကုန်မြို့မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အလုပ်လုပ်ကိုင်ရန်ရောက်ရှိလာသည့် မြန်မာလုပ်သား ၁၁၁ ဦးအနက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၂ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၇၅ ဦး၊ နှင့် ဆောက်လုပ်ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၂၄ ဦး တို့ပါ၀င်ကြောင်းသိရသည်။ sdtimedaily