
မြန်မာနိုင်ငံကထုတ်တဲ့ တာယာကို ဘရာဇီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Sunamerica ကုမ္ပဏီက ဝယ်ယူဖို့ ကမ်းလှမ်း ထားတယ်လို့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကသိရပါတယ်။ မြန်မာနိုင်ငံကဈေးကွက်ထဲမှာ ရရှိနိုင်မယ့် ကားတာယာတွေ၊ အထူးသဖြင့် အချင်းဝက် ၁၃ လက်မ၊ ၁၄ လက်မနဲ့ ထရပ်ကား တာယာတွေကို ဝယ်ယူဖို့ စိတ်ဝင်စားတာဖြစ်တယ်လို့ ဆိုပါတယ်။









