
နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန် အသွားအပြန်ခရီးစဉ်ကို နေ့စဉ်ပျံသန်း နေပြီး အမေရိကန်ဒေါ်လာ ၃၉၀ မှ စတင်ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။ ယင်းပြင်နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက် အသွားအပြန်ခရီးစဉ်ကိုလည်း နေ့စဉ်ပျံသန်းနေပြီး အမေရိကန် ဒေါ်လာ ၁၅၀ မှ စတင် ရောင်းချပေးနေကြောင်း သိရသည်။








