
ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၃ နှစ်ခန့်ယာယီပိတ်ထားခဲ့သည့် ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ဖေဖော်ဝါရီ ၂၀ ရက်က နှစ်နိုင်ငံကူသန်းသွားလာမှုနှင့် ကုန်စည် ကူးသန်း ရောင်းဝယ်မှုများအဆင်ပြေစေရေးတို့အတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်မှ ဖြတ်သန်းသွားလာမည့်သူများအနေဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထိုးပြီးကြောင်း အထောက်ထားပြသပါက ဖြတ်သန်းသွားလာခွင့်လက်မှတ်များကို သက်ဆိုင်ရာက ထုတ်ပေးလျက် ရှိသည်။ ထိုသို့ ဖြတ်သန်းသွားလာခွင့်လက်မှတ်များထုတ် ပေးရာတွင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်အတုများပြသ၍ ဖြတ်သန်းခွင့်လက်မှတ်လာရောက်ပြုလုပ်သူများရှိနေသဖြင့် တာဝန် ရှိသူများက စီစစ်အရေးယူမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်