
UAB Pay မှတစ်ဆင့် ရွှေကိုတစ်ရွေးမှစတင်၍ ပေါက်ဈေးအတိုင်းဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
UAB ဘဏ်သည် Digital application ဖြစ်သည့် uabpay မှတစ်ဆင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဒီဂျစ်တယ်နည်းပညာနှင့် ရွှေရင်းနှီးမြှုပ်နှံခြင်းဝန်ဆောင်မှုအား စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း မတ်လ (၂၉) ရက် တွင် တရားဝင်မိတ်ဆက်ခဲ့သည်။









