ဘုံသဘောတူညီချက်ငါးရပ်ကို လျင်မြန်စွာနှင့် အပြည့်အဝအကောင်အထည်ဖော်ရန် အာဆီယံက မြန်မာတပ်မတော် ကို ဆက်လက်တောင်းဆိုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောကြားခဲ့သည်။ မြန်မာတပ်မတော်အနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် လာမည့်အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်ကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံခွင့်ပေးရေးအပါအဝင် ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုခဲ့သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ မြန်မာနိုင်င ံရှိ နိုင်ငံရေးအနေအထားများနှင့်ပတ်သက်၍ ချဉ်းကပ်မှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောမတူညီမှု များ မည်သည့်အတိုင်းအတာအထိရှိသည်ကို မေးမြန်းသည့် ပါလီမန်မေးခွန်းတစ်ရပ်အား စာရေး၍အကြောင်း ပြန်ကြားရာ တွင် ဘာလာခရစ်ရှ်န်က ယခုကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏အခြေအနေများကို အာဆီယံက တင်းတင်းကျပ်ကျပ်နှင့် အဆက်မပြတ်ချဉ်းကပ်လျက်ရှိကြောင်း သိရသည်။