စစ်ကိုင်းတိုင်း၊ကလေးဝမြို့အား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ဖေဖော်ဝါရီ ၁၃ ရက်(ယနေ့) နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲသို့ ပြည်နယ်နှင့်တိုင်းများမှယဉ်ကျေးမှုအဖွဲ့ဝင်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များတက်ရောက်
နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲအား ညနေ ၆ နာရီက နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌တည်ခင်းဧည့်ခံခဲ့သည်။
နစက ဥက္ကဋ္ဌမှ ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာသည့် တိုင်းနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ NCA စာချုပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ တိုင်းနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ဒု-ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် နစက အဖွဲ့ဝင်များအားနှုတ် ဆက်ခဲ့သည်။
၁၀ လအတွင်း တွင်းထွက်သယံဇာတ တင်ပို့မှုမှ ဒေါ်လာသန်း ၂၃၀ ကျော် ရရှိထား
လက်ရှိဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ တွင်းထွက်သယံဇာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၇၇ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၅၀ ကျော်စေလွှတ်
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၅၁ ဦးကို ဖေဖော်ဝါရီလ ၉ ရက်တွင် စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၁ ဦး၊ Re-entry စိုက်ပျိုး၊မွေးမြူရေး လုပ်သားသစ် ၁၀ ဦး၊ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း၏ တာဝါတိုင်များ ၁၀ ကြိမ်မြောက်ထပ်မံဖောက်ခွဲဖျက်ဆီးခံရ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုးဗြဲမြို့နယ်နှင့်ဖယ်ခုံမြို့နယ်ကြားရှိ တာဝါတိုင် ၂ တိုင် ဖေဖော်ဝါရီ ၈ ရက်က ထပ်မံဖောက်ခွဲဖျက်ဆီးခံခဲ့ရ၍ ပြိုလဲပျက်စီးသွားခဲ့သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သည်။
ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက် ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံ တော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ်ဓာတ်အားလိုင်း၏ တာဝါတိုင် ၂ တိုင်ထပ်မံဖောက်ခွဲဖျက် ဆီးခံခဲ့ရခြင်းသည်။
ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးအလားအလာ
မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်-မန်ဝိန်းဂိတ်ကို ဇန်နဝါရီ ၁၄ ရက်က နှစ် နိုင်ငံစလုံး ဖွင့်လှစ်ခဲ့ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ တရုတ်-မြန်မာနယ်စပ် ရွှေလီနယ်စပ် ဂိတ် တရုတ်ဘက်က စတင်ဖွင့်လှစ်ထား ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၈ ရက်မှစ၍ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအတွက် “B အဆင့်ကူးစက်မှုရောဂါကို အဆင့် စီမံထိန်း ချုပ်မှု”အကောင်အထည်ဖော်ဆောင်ပြီး ပြည်ဝင်လာသူများနှင့်ကုန်ပစ္စည်းများ စသည် တို့အပေါ် ကူးစက်ရောဂါစစ်ဆေးရေး စီမံ ခန့် ခွဲ မှုအစီအမံများ မကျင့်သုံးတော့ ကြောင်း၊ ထိုနေ့တွင် ယူနန်ပြည်နယ် တရုတ် -မြန်မာ နယ်စပ်ရွှေလီနယ်စပ်ဂိတ်၊ တရုတ် -ဗီယက် နမ်နယ်စပ် ဟိုခိုနန်ရှီးမြစ်နယ်စပ်ဂိတ်၊ တရုတ်-လာအိုနယ်စပ် မိုဟန်နယ်စပ်ဂိတ် တို့ ၌ ဂိတ်ဖြတ်သန်းသွားလာရေး လုပ်ငန်း များ ပြန်လည်စတင်ခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ရွှေလီနယ်စပ်ဂိတ်တွင် ဂိတ်ဖြတ်သန်း သွားလာမှုများ ပြန်လည်စတင်ပြီးနောက် ပြည်ဝင်သူများသည် ကျန်းမာရေးကုတ် လျှောက်ထားရယူရန်မလိုတော့ဘဲ ၄၈ နာ ရီအတွင်း စစ်ဆေးထားသော COVID-19 ရောဂါမရှိကြောင်း စစ်ဆေးမှုအစီရင်ခံစာကို သာ လိုအပ်တော့ ကြောင်း၊ ပြည်ဝင်လာသည့် ကုန်တင်ကားများသည် ယာဉ်မောင်းနှင့် ယာဉ်၏အချက်အလက်ကို အကောက်ခွန် ဌာနထံ ကြိုတင်အကြောင်းကြားပြီး ပြည် ဝင်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်း ကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာစျေး စသည့် လမ်းကြောင်း သုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွား လာမှု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖွင့် လှစ်ခဲ့ကြောင်း သိရသည်။
အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေး ချဉ်းကပ်မှုပုံစံအသစ်
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီလက်မှတ်စာအုပ်များကို ဧပြီတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်အတွင်း လျှောက်လွှာများတင်သွင်းနို်င်
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်စာအုပ်များကို ဧပြီလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်အတွင်း သက်ဆိုင်ရာရုံးများသို့ လျှောက်လွှာများ တင်သွင်းနိုင်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်စာအုပ်များကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် (၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်အထိ) အတွက် ၂၀၂၃ ခုနှစ် ဧပြီလတွင် စတင်ရောင်းချမည်ဖြစ်ရာ ထီ စာအုပ် ဝယ်ယူရောင်းချလို သူများအနေဖြင့် ဖော်ပြပါအချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပါရှိသည်။
ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၂၈၃၅ ကျပ်ဝန်းကျင် ရှိနေဟုသိရ
Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ် များကို ၁၅ ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချမည်
Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်း ပြည်ပလေယာဉ် လက်မှတ်များအား ၁၅ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၃ခုနှစ်ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်အထိ ဝန်ကြီးများရုံးတွင် ကျင်းပမည့် Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း က Main Sponsor အဖြစ် ပါဝင်ထားပြီး Travel Fair အတွင်း ပြည်တွင်းပြည်ပ လေယာဉ် လက်မှတ်များအား ၁၅ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရောင်းချပေးသွားမည့်အပြင် လက်ဆောင်ပစ္စည်းများပါ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။