၂၀၁၈ ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် သံတွဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် သံတွဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။
အောက်တိုဘာ ၃၊ ကန်ပက်လက်
ချင်းပြည်နယ်၊မင်းတပ်ခရိုင်၊ကန်ပက်လက်မြို့နယ်၊ကန်ပက်လက်မြို့၊မြို့မ(၂)ရပ်ကွက်၊အထကဘောလုံးကွင်းတွင် ယနေ့နံနက်(၉)နာရီမှ(၁၀)နာရီ၃၀မိနစ်အထိ ကျင်းပသောလူထုတွေ့ဆုံပွဲအခမ်းအနားသို့အခမ်း အနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကာ ကန်ပက်လက်မြို့ နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမနားနိုင်း၏ ကိုယ်ရေးအကျဉ်းအား မြို့နယ်ပါတီအတွင်းရေးမှူးဦးကီးပိုင်းမှ ဖတ်ကြားပြီးနောက်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
အောက်တိုဘာ(၃)၊ အရာတော်
မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအမျိုးသမီးညီလာခံအကြို အရာတော်မြို့နယ်အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနားကို(၃-၁၀-၂၀၁၈)နေ့ နံနက်(၉း၃၀)နာရီကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့နေရာယူပြီးနောက် အခမ်းအနားကိုနိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက်မုံရွာခရိုင်ပါတီဥက္ကဌဦးအောင်တိုးက အဖွင့်အမှာစကားပြောကြားပြီး အရာတော်မြို့နယ်ပါတီကော်မတီဝင် ဒေါ်ဇင်မာကအမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အခမ်းအနားပထမပိုင်း အစီအစဉ်များ ကျင်းပပြီးစီးခဲ့သည်။
ဖျာပုံ အောက်တိုဘာ ၃
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေး မှူး ဦးသန်းထွန်းက ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ နှင့် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး၊မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များနှင့် ယမန်နေ့နံနက် ၁၁ နာရီတွင် ဖျာပုံခရိုင် ပြည်ခိုင် ဖြိုးပါတီသင်တန်း ကျောင်းခန်းမ၌ တွေဆုံခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃၊ ကန်ပက်လက်
ချင်းပြည်နယ်၊မင်းတပ်ခရိုင်၊ကန်ပက်လက်မြို့နယ်၊ကန်ပက်မြို့သို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် မြို့ပေါ်ရှိ မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းတိုက်နှင့်မက်ဒရစ်အသင်း တော်များသို့ ယနေ့ ၁၁နာရီ သွားရောက်၍လှူဖွယ်ပစ္စည်းများနှင့်အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် ကန်ပက်လက်မြို့ရှိ မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းတိုက်သို့ ရောက်ရှိလာပြီး တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ဥတ္တမကို ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့်အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
ရပ်ကျေးလပတ်ပုံမှန်အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဘဏ္ဍရေးမှုး ဦးသန်းထွန်း၊မြို့နယ်ပါတီဥက္ကဌဦးစိုးစိုးထွန်းနှင့်ကော်မတီဝင်များ၊စည်းရုံးရေးနယ်မြေတာဝန်ခံများ၊လူငယ်ရေးရာတာဝန်ခံဦးသန်းဝင်းစိုး၊ရပ်ကျေး ( ၉၆ ) အုပ်စုမှ ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ပါတီလူငယ်အမျိုးသား၊အမျိုးသမီးများ ( ၇၀ ) ကျော် တက်ရောက်ကြသည်။
အောက်တိုဘာ ၃ ၊ ကန်ပက်လက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်း ဌေးသည် အောက်တိုဘာ ၂ ရက်နေ့ ညနေ၄နာရီက ကန်ပက်လက်မြို့နယ်ပါတီရုံးတွင် ချင်းပြည်နယ်၊မင်းတပ်ခရိုင်၊ကန်ပက်လက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူးဦး သက်နိုင်ဝင်း၊ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသောဦးဝဏ္ဏမောင်လွင်၊ဦးသောင်းအေး၊ဦးအောင်တင်မြင့်တို့မှ မိတ်ဆက်အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက် ၊ ၅၆ လမ်း နှင့် အေးသုခလမ်းဒေါင့်၌ ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်၏ ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းကို (၂.၁၀.၂၀၁၈) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် တွဲဘက်နယ်မြေတာဝန်ခံ ဦးအောင်နိုင်ဦး၊ ပြည်ကြီးတံခွန်မြို့နယ်ပါတီဥက္ကဌ ဦးစိုးအေး၊ အတွင်းရေးမှူး ဦးအောင်မျိုးခိုင်၊ ဘဏ္ဏာရေးမှူး ဦးစံရ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်း (၅၀) ဦးကျော်တို့ တက်ရောက်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသားအောင်နိုင်ရေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြပါသည်။
ထို့နောက် (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးးတွင် ကြေညာထားသော ရှမ်းတိုင်းရင်းသား မဲစာရင်းများအား လေ့လာကြည့်ရှုခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သပိတ်ကျင်းမြို့နယ်မှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားအား (၃.၁၀.၂၀၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်က သပိတ်ကျင်းပါတီရုံးခန်းမ၌ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးတင့်လွင်ဦး၊ ဦးကျော်စန်း၊ ပြင်ဦးလွင်ခရိုင်ဥက္ကဋ္ဌ ဦးဝင်းကြည်နှင့်ကော်မတီဝင်များ၊ သပိတ်ကျင်းမြို့နယ်ဥက္ကဋ္ဌ ဦးထွန်းတင့်နှင့်ကော်မတီဝင်များ၊ သင်တန်းသား/သူများ စုစုပေါင်း(၉၀)ဦးတက်ရောက်ခဲ့ကြပြီး တိုင်းပါတီကော်မတီဝင် ဦးတင့်လွင်ဦးမှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
#မန်းပြည်ခိုင်ဖြိုး
#မီဒီယာ
မဘိမ်းအောက်တိုဘာ ၂
မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင်ဦးတိုးမြင့် အောင်၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေတို့သည် ယမန်နေ့ နံနက် ၈နာရီက ကုန်းမခံ ကျေးရွာသို့သွားရောက်ပြီး အမျိုး သားဘောလုံးအသင်းနှင့်အမျိုး သမီးဘောလုံးအသင်းများအား ဂိုးတိုင်၊ ဂိုးပိုက်နှင့်ဘောလုံးများ အားလည်းကောင်း၊ နမ့်ပုံးပုံးရပ် ကွက်ဘောလုံးအသင်းအား ဘော လုံးများကိုလည်းကောင်းလှူဒါန်း ကြရာ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ နှင့် အမျိုးသား အမျိုးသမီးဘော လုံးအသင်းများက လက်ခံရယူခဲ့ ကြောင်း သိရသည်။