
အာဆီယံဒေသ ကုန်ထုတ်လုပ်ရေးတိုး တက်မှုအခြေအနေတွင် မြန်မာနိုင်ငံသည် ၃၂ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိပ် ဆုံးမှ ဦးဆောင်လာကြောင်း ၂၀၂၃ ခုနှစ် မတ်လအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း များ စစ်တမ်းတွင် ဖော်ပြထားသည်။

အာဆီယံဒေသ ကုန်ထုတ်လုပ်ရေးတိုး တက်မှုအခြေအနေတွင် မြန်မာနိုင်ငံသည် ၃၂ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိပ် ဆုံးမှ ဦးဆောင်လာကြောင်း ၂၀၂၃ ခုနှစ် မတ်လအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း များ စစ်တမ်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံရှိကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၁၂၅၀ ကိုထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ဧပြီလ (၁၈) ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၈၃) ခုနှင့်ပတ်သက်ပြီး အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များနှင့် အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်း တို့ကြောင့် လာမ ည့် ဧပြီ (၂၁)ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့်ပြည်နယ် (၁၃) ခုတွင် အချိန်ခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်(A)၌ ဧပြီ ၁၇ ရက်၊ ညနေ ၅နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါမီးလောင်မှုမှာ သီလဝါစက်မှုဇုန်(A)ရှိ အထည်ချုပ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Level 2 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးလျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးကဆိုသည်။

ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာနှင့် တောင်စွန်းကျေးရွာတို့တွင် ဧပြီလ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ဝနှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အကျဉ်းသား/အကျဉ်းသူ ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အဖြစ်လည်းကောင်း ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေး နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ လည်းကောင်း အခုလို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြု လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေး ဧပြီ – ၅
အွန်လိုင်းမှာ တရားမဝင်ပညာသင်ကြားနေပြီး PDF ကို ထောက်ပံ့နေတဲ့ Federal School of Aung Myay Thar Zan လို့ အမည်ရတဲ့ ကျောင်းတစ်ကျောင်းက ကျောင်းတာဝန်ခံနဲ့ ဆရာဆရာမ ၁၅ ဦးကို နစက က ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။


ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးမြို့ကို ဗဟိုပြု၍ အ င်အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့ ဧပြီလ (၆) ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု အသုံးပြုသူ ခရီးသည်များ ပိုမိုအဆင်ပြေချောမွေ့သော ခရီးသွားလာမှုအတွက် Grab Airport Taxi ဝန်ဆောင်မှုကို ဧပြီ ၃ ရက်မှ စတင်၍ ဝန်ဆောင်မှု ပေးလျက်ရှိပြီဖြစ်ကြောင်း Yangon International Airport မှ သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိမြန်မာသံရုံးက သင်္ကြန်ကာလရုံးပိတ်ရက်အား ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းအား (ဧပြီ ၁၂ ရက်) အထိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း ပုံမှန်ဆောင်ရွက်ပေးနေသည့် နိုင်ငံကူးလက်မှတ် ရက်ချိန်း ထုတ်ပေးခြင်းအား ယခုလဧပြီ ၇ ရက်ထိ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အခြားလုပ်ငန်းစဉ်များကို သင်္ကြန်ကာလရုံးပိတ်ရက် ကျော်လွန်မှသာ ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။