မြစ်သား ဇန်နဝါရီ ၈
မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရပ်/ကျေးပုံမှန်အစည်းအဝေး ကို ယမန်နေ့ နံနက် ၉နာရီက ပြည် ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြစ်သား ဇန်နဝါရီ ၈
မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရပ်/ကျေးပုံမှန်အစည်းအဝေး ကို ယမန်နေ့ နံနက် ၉နာရီက ပြည် ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန် ဇန်နဝါရီ ၈
မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန် နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီ ဝင်များနှင့် ရပ်/ကျေးပါတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်း အဝေးပွဲသို့ မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် ရပ်/ ကျေးပါတီဝင်များ စုံလင်စွာတက် ရောက်ခဲ့ကြပြီးရှေ့လုပ်ငန်းစဉ်များ ကိုရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန် ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဇ္စျိမ ဂုဏ်ရည်မဟာစည်တောရကျောင်းတိုက် ဆရာတော် နှင့် စာချစာသင်သံဃာတော်များအား ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ယမန်နေ့နံနက် ၁ဝ နာရီတွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
အဆိုပါ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲသို့ ရန်ကုန် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကိုယ်စား လှည်းကူး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးမြတ်စိုးနှင့် မြို့နယ် ကော်မတီဝင်များတက်ရောက်၍ ဆက်ကပ်လှူဒါန်း ကြသည်။
ကျောက်တံခါး ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဆန်းဦးသည် ယမန်နေ့ နံနက်ပိုင်းက ခရီးသွားလာစဉ် မျက်စိလည်လမ်းမှား၍ စရိတ်ပြတ်နေသော မွန်ပြည်နယ်ဘီးလင်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သူ ဦးစိုးဝင်း (၅၆နှစ်)သည် မြို့နယ်ပါတီရုံးသို့ လာရောက်၍ တင်ပြအကူအညီ တောင်းခဲ့သဖြင့် ခရီးသွားလာမှုအဆင်ပြေစေရန်အတွက် မြို့နယ် ပါတီဥက္ကဋ္ဌဖြစ်သူက လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မုံရွာ။ ဇန်နဝါရီ ၈ ။
မုံရွာမြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင်မြို့နယ်ပါတီရုံးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ရာဗဟိုအလုပ်အမှုဆောင်တိုင်းဒေသ ကြီးပါတီဥက္ကဌဒေါက်တာ မြင့်သိန်း၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ တိုင်းပါတီကော်မတီဝင် ဒေါ်ညွှန့်ညွှန့်ဋ္ဌေး၊မုံရွာခရိုင်တာဝန်ခံ ဒေါ်ကြူမိုးသန့်၊မုံရွာခရိုင် ပါတီ ဥက္ကဋ္ဌ ဦးအောင်တိုး၊ခရိုင်ကော်မတီ ဝင်များ ၊ မုံရွာမြို့နယ် ပါတီဥက္ကဌ ဦးကျော်ဝင်း ၊ မြို့နယ်ပါတီကော်မတီဝင် များ၊ အရံကော်မတီဝင်များ ၊ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများ တတ်ရောက်ခဲ့ ကြပါသည်။
ချောင်းဦး၊ ဇန်နဝါရီ-၈
ယမန်နေ့ (၈-၁-၂၀၁၉ )ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ချောင်းဦးမြို့နယ်ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း ၊တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊
တိုင်းပါတီကော်မတီဝင် ဒေါ်ညွန့်ညွန့်ဌေး၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဌများ၊ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။
စစ်ကိုင်းတိုင်းပြည်ခိုင်ဖြိုးပါတီ
ပျဉ်းမနားမြို့နယ် အောင်ဘိသိတ်ကျေးရွာအုပ်စု အောင်ဘိသိတ်ကျေးရွာတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး ပြိုင်ပွဲများပါ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဘောလုံးအားကစားကွင်းအသစ် တည်ဆောက်လျက်ရှိရာ ယင်းဘောလုံးကွင်း တည်ဆောက်ရေးအတွက် အလှူငွေ ထည့်ဝင် လှူ ဒါန်းသည်။
အခမ်းအနားကို ယမန်နေ့ (၈-၁-၂၀၁၉)ရက်နေ့ မနက် ၁၁ နာရီအချိန်က ယင်းရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပုသိမ်၊ ဇန်နဝါရီ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ပထမအကြိမ် လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီတာဝန်ရှိသူများတွေ့ဆုံပွဲအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်မှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ၊တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် ပထမအကြိမ် လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်ဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသော ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက်ပါတီဗဟိုအတိုင်ပင်ခံနှင်ပါတီဗဟိုအလုပ်မှုဆောင်များမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ဖျာပုံမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
မိုးမိတ်၊ ဇန်န၀ါရီ (၇)ရက်
ယမန်နေ့ (7-1-2019 ) ရက်နေ့တွင် ရှမ်း/မြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ နှစ်ပတ်လည် အစည်းအဝေး၊ဗဟိုအမျိုးသမီးညီလာခံ အတွေ့အကြုံရှင်းလင်းပွဲနှင့် စည်းရုံးရေး ထူးချွန်ဆုပေးပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး၌ မနက် (၉)နာရီမှ နေ့လည်(၁)နာရီအထိ ကျင်းပခဲ့ပါသည်။
(၈-၁-၂၀၁၉) ရက်နေ့ နံနက်(၁၀) နာရီအချိန်တွင် တာချီလိတ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ အတွင်ရေးမှူး ဦဟန်ဦး နှင့်ကော်မတီဝင်များ၊မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ဝင်းနှင့်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဌများသည် ပါတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ