ဧရာဝတီ ဒီဇင်ဘာ ၁၈
ဧရာဝတီ ဒီဇင်ဘာ ၁၈
ဝက်လက် ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် အလည်တောကျေးရွာအုပ်စု အလည်တောကျေးရွာ မြို့နယ်အရန်ပါတီ ကော်မတီဝင် ဦးမောင်မောင်နေအိမ်နှင့် ကွမ်းဘောင်ကျေးရွာအုပ်စု လယ်မှီးကျေး ရွာပါတီအုပ်စုဥက္ကဋ္ဌ ဦးကျော်စိန်နေအိမ် များ၌ ယမန်နေ့နံနက် ၉နာရီခွဲတွင် ကျေးရွာ အုပ်စု ပါတီဆိုင်းဘုတ်အသစ်များတင်ခြင်း ကို ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့နံနက် ၁ဝ နာရီ က ဖျာပုံခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ဖျာပုံ မြို့နယ် ပင်လယ်ဘက်ခြမ်းရှိ အမာ မြို့နယ်ခွဲ နောက်မီး၊ အရှေ့ဖျား၊ ဆိပ်မ၊ ကျောင်းကုန်း၊ ဘဝသစ်၊ ကြက်ဖမွေးဇောင်းကျေးရွာများရှိရပ်မိ ရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် မွန်းလွဲ ၁၂ နာရီခွဲ၌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ဖျာပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊အရန်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက်၊ ကျေးရွာအုပ်စုဥက္ကဋ္ဌများနှင့် စည်းရုံး ရေးမှူးများအား တွေ့ဆုံခဲ့သည်။
ငါန်းဇွန် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်း ခြံခရိုင် ငါန်းဇွန်မြို့နယ်ကုလကျေး ရွာရှိမင်္ဂလာရာမကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော မင်္ဂလာရာမ ဓမ္မစကူးလ်ကျောင်းသို့ ယမန်နေ့ က ငါန်းဇွန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စာရေးကိရိယာများ သွားရောက် လှူဒါန်းခဲ့သည်။
အောင်လံ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ရွှေပန်းတောအခြေစိုက် ရွှေပန်းတောကျေးရွာ အရှေ့ကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲတွင် ကျင်းပခဲ့သည်။
သိန္နီ ဒီဇင်ဘာ ၁၈
သိန္နီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ တွင် ကုန်ညောင်ကျေးရွာအုပ်စု မူလတန်းကျောင်း ၌ ကျောင်းသားကျောင်းသူများသို့ ဗလာ စာအုပ်နှင့်ခဲတံများ လှူဒါန်းဝေငှပြီး KG တန်းကလေးငယ်များအား ပေါင်မုန့်နှင့် နွားနို့အာဟာရများ တိုက်ကျွေးခဲ့ကြသည်။
18 December 2018
ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီ၊ အတွင်းရေးမှူး ဦးလှအောင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ လပတ်ပုံမှန်အစည်းအဝေးကျင်းပခဲ့ ကြောင်း သိရသည်။
ဇော်သိန်း(ထန်းတပင်)
မြိတ်၊ ဒီဇင်ဘာ ၁၇
ပဲခူး၊ ဒီဇင်ဘာ ၁၇
ဘောလခဲ၊ ဒီဇင်ဘာ ၁၇
ကယားပြည်နယ် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ မြို့နယ်ပါတီနှင့် ရပ်ကျေးလူငယ်များတွေ့ဆုံသည်။