ကလေးဝ၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ မြို့သို့ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်း တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ကော်မတီဝင် ငါးဦးပါ အဖွဲ့သည် ယနေ့ နံနက် ၉ နာရီတွင် ကလေးဝမြို့နယ် မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ တွေ့ဆုံခဲ့သည်။
