မချမ်းဘော၊ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယနေ့နေ့လည် ၁ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီမြတ်အားသွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး ကောင်းမှုလုံဘုန်းတော်ကြီးကျောင်း၌ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဟိုခိုဆရာတော် ဦးအာရိစရံသီထံမှ ငါးပါးသီလခံယူဆောက်တည်၍ မေတ္တာသုတ်ပရိတ်တရားတော်မြတ်အား နာယူကြည်ညိုခဲ့ကြသည်။
