သံတွဲ ဖေဖော်ဝါရီ ၃
သံတွဲခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက သံတွဲမြို့နယ် လူငယ် စည်တော်အဖွဲ့မှ လက်ဦးစည်တော်တီးခတ်ခြင်း သင်ကြားပေးသော ဆရာဦးသောင်းထွန်းအား ကန်တော့ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ်ပါတီကော် မတီဝင်ဦးတင်မောင်သန်း၊ သံတွဲခရိုင်ပါတီကော် မတီဝင်ဦးသန်းစိုး၊အရန်ပါတီကော်မတီဝင်ဒေါ်ခင်မူ၊ သံတွဲခရိုင် ပါတီဥက္ကဋ္ဌဦးစန်းနိုင်နှင့် လူငယ်စည် တော်အဖွဲ့ဝင် ၂၁ ဦး တက်ရောက်ခဲ့ကြသည်။