ရန်ကုန် မတ် ၂
ရန်ကုန် မတ် ၂
ကောလင်း မတ် ၃
ကောလင်းမြို့နယ် တောင်ကြားအုပ်စု ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အမှုဆောင်ဦးစိန်လွင်နေအိမ်တွင် ယမန်နေ့ နံနက်၁ဝနာရီခွဲကပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်ခဲ့သည်။
ယင်းဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးအောင်သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းလူအင်အား ၆ဝ တက်ရောက်ခဲ့ကြသည်။
ပုသိမ်ကြီး မတ် ၃
မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှဆိုင်းဘုတ်တင်ပွဲအခမ်း အနားကို ယမန်နေ့ နံနက်က ဇီးချိုကုန်း ကျေးရွာပါတီဝင် ဦးအုန်းရွှေ၏ နေအိမ် တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ် ပါတီနာယကဦးအုန်းရွှေ၊ခရိုင်ကော်မတီ ဝင်ဦးထွန်းထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊အတွင်းရေးမှူးဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်နှင့် ကော်မတီ ဝင်များ၊ ကျေးရွာပါတီအမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ပါတီဝင်များတက်ရောက် ခဲ့ကြောင်း သိရသည်။
မြိတ် မတ် ၃
တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊အတွင်းရေး မှူး ကိုကိုကြီး နှင့်နယ်မြေတာဝန်ခံ ကော် မတီဝင်များလိုက်ပါသောအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက မြိတ်မြို့နယ် ဟန်းကျေးရွာ အုပ်စု စည်းရုံးရေးမှူးနှင့်ပါတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ကော့ကရိတ် မတ် ၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့ နံနက် ၉ နာရီတွင် ကော့ကရိတ်မြို့နယ် ဝဲကင်းအံကျေးရွာရှိ ဝဲကင်းအံ ဆရာတော်အားဖူးမြော်ပြီး ဝဲကင်းအံ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကရင် တိုင်းရင်းသားကျေးရွာများမှ မိဘ ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ ဆရာဝန်များဖြစ်သော ဒေါက်တာသန့်ဇော်လွင်၊ဒေါက်တာ ရဲရန်အောင်၊ ဒေါက်တာနေမျိုး ဇေယျာတို့ကနယ်လှည့်ကျန်းမာရေး အခမဲ့ဆေးကုသရေး ဆောင်ရွက် နေမှုကိုသွားရောက်အားပေးခဲ့သည်။
ရန်ကုန် မတ် ၁
ရန်ကုန် ဖေဖော်ဝါရီ ၂၈
မိုးကောင်း။ဖေဖော်ဝါရီ ၂၈
ကချင်ပြည်နယ် မိုးညှင်းခရိုင်မိုးကောင်းမြို့နယ် လွယ်လီယံကျေးရွာ ဒေါ်နန်းဘန် နေအိမ်တွင် ယမန်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ပြောင်းရွေ့ လွယ်လီယံကျေးရွာအုပ်စု ဒေါ်နန်ဘန်နေအိမ် ပြောင်းရွေ့ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် စိုက်ထူခဲ့သည်။
မြို့သစ် ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး မြို့ သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး မွမ်းမံသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီအစည်းအဝေး ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
မိတ္ထီလာ ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် တပျော်အုပ်စု လက်ပံအိုင့် ကျေးရွာ ပြည်ခိုင်ဖြိုးပါတီရပ်ကျေး ဥက္ကဋ္ဌ ဦးကျော်ဌေး၏ နေအိမ်ရှေ့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် စိုက် ထူကျင်းပခဲ့သည်။