ဘုတလင် မေ ၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ဇီးတောကျေးရွာအုပ်စု မြို့ဇီးတောကျေးရွာ ဦးဇော်ထွန်း၏ နေအိမ်ခြံဝင်း အတွင်းတွင် ယမန်နေ့ နံနက် ၁ဝနာရီ ခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မုံရွာခရိုင် ပါတီကော်မတီဝင် ဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးသက်နိုင်ဦး၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခိုင်ညိမ်းသူ၊ မြို့နယ်မီဒီယာ တာဝန်ခံ ဦးဇော်ထွေးနှင့် မြို့နယ်ကော်မတီ ဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုး ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရွှေကျီစု(တလင်)
