ကယား မေ ၂၈
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာ လူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း Myanmar Youth Development Association (M.Y.D.A) အသင်းဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ကယား မေ ၂၈
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာ လူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း Myanmar Youth Development Association (M.Y.D.A) အသင်းဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရန်ကုန် မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပါတီဝင်များ၊ ပြည်သူများဖြင့် အမှတ် (၂၅) ရပ်ကွက်နှင့် ရပ်ကွက်အသီးသီးတွင် နိုင်ငံရေး ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။
ရန်ကုန် မေ ၂၈ ။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းစိုးဦးဆောင်သော မြို့နယ်ပါတီကော်မတီအဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီ အချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် (၅၁) ရပ်ကွက်ရှိ ပါတီဝင်အမာခံအိမ်၌ ယနေ့နိုင်ငံရေး အခြေအနေ၊ ရခိုင်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်းသည့် အချက်များအား ရေနွေးကြမ်းစကားဝိုင်းဖြင့် ဆွေးနွေးခဲ့ကြ ပါသည်။
အဆိုပါ ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲသို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်းမှ ဦးဆောင်ဆွေးနွေး ပြောကြားပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းစိုးမှ ပါတီတွင်း လုပ်ဆောင်နေသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့်စ ည်းရုံးရေးရာလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
သံတွဲ မေ ၂၈
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာ အုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲကို သံတွဲမြို့နယ် အလယ်ရွာကျေးရွာအုပ်စုနှင့် ကျွန်းပေါက်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့ နံနက်(၇:၀၀)နာရီမှ (၁၀:၀၀)နာရီထိ ကျင်းပပြုလုပ် ခဲ့သည်။
မုံရွာ မေ ၂၇
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းသည် မုံရွာမြို့နယ် ရပ်ကျေးပါတီဝင်များနှင့် မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်အတူ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ယဉ်မာဝင်း၊ မုံရွာခရိုင် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးအောင်တိုးတို့လည်း တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
ကော့ကရိတ် မေ ၂၇
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မိဂလုံကျေးရွာ ပါတီရုံးခွဲတွင် ကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂ဝ၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်က တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
နေပြည်တော် မေ ၂၇
နေပြည်တော် မေ ၂၆
ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်အုပ်စု ရပ်/ကျေး ပါတီရုံး၌ ယမန်နေ့ နံနက် ၈နာရီတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးနှင့် ပါတီဝင်လူငယ်များ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော် မေ ၂၆
ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ကျေးရွာများသို့ သွားရောက်၍ ပါတီဝင်များ၊ ပြည်သူလူထုများနှင့် တွေ့ဆုံ၍ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခင်ဦး မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ပြည်သူများ ဘဝလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ တိုင်းဒေသကြီး၊ ခရိုင်တာဝန်ခံများ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌ များ စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။