ကျောင်းဖွင့်ရာသီတွင် ဗလာစာအုပ်များ ပေးအပ်လှူဒါန်း
ဟိုပန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကျောင်းသုံးဗလာစာအုပ် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀း၃၀) အချိန်က မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ် ပါသည်။
ကျောင်းသုံး ဗလာစာအုပ်များကို ဟိုပန်မြို့နယ်ရှိ ရပ်/ကျေးပါတီ ကော်မတီ ကျောင်းသားမိဘများနှင့် ပါတီဝင် များကို တစ်ဦးလျှင် (၂) ဒါဇင်နှုန်း ထောက်ပံ့လှူဒါန်းကြောင်း သိရှိရသည်။
မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပရဟိတသူရဲကောင်း ဆုချီးမြင့်ပွဲ တက်ရောက်
မြစ်သား ဇွန် ၎
မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရစ်ကန်ကျေးရွာအုပ်စုနေ ဦးရွှေအောင်အား ပရဟိတသူရဲကောင်း ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး၌ ကျင်းပသည်။
သံတွဲခရိုင်နှင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေးရှားပါးသော ကျေးရွာအုပ်စုများသို့ သောက်သုံးရေများ သွားရောက် လှူဒါန်း
ဇွန် ၅
သံတွဲပြည်ခိုင်ဖြိုးပါတီမှ ယနေ့ နံနက် (၈း၀၀) အချိန်တွင် ရေးရှားပါးသော ကျေးရွာအုပ်စုများသို့ သောက်သုံးရေ များ သွားရောက်လှူ ဒါန်းခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲသို့ သံတွဲခရိုင် ဘဏ္ဍာရေးမှူး ဦးဝင်းသိန်း၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်၊ အရံကော်မတီဝင် ဦးအောင်မျိုးဦး၊ ဒေါ်စန်းစန်းတင်၊ ဒေါ်စန်းစန်းမြင့်နှင့် လူငယ်ပါတီဝင်များ အမျိုးသမီးရေးရာ ပါတီဝင်များသည် ပဒဲကောကျေးရွာအုပ်စုနှင့် လက်ပံစု ကျေးရွာအုပ်စုများသို့ သွားရောက်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြသည်။
စလင်းမြို့နယ် ပြည်ခိုင်ဖြိုးကော်မတီဝင်များ ကျေးရွာပြည်သူနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်
စလင်း ဇွန် ၎
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင် ခေါင်းဆောင်သော မြို့နယ်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် စလင်းမြိုနယ် လင်းဇင်း ကျေးရွာ အုပ်စုသရက်ကုန်း ကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်ခိုင်ဖြိုး ပါတီဝင်များက ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိဆောင်ရွက်နေမှုများကို အားပေးထောက်ခံသော ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။
ပြည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေသခံတောင်သူကြီးများနှင့် တွေ့ဆုံ ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်
ပေါက်ခေါင်း ဇွန် ၎
ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းရွာ အလယ်စုမှ တောင်သူ လယ်သမားကြီးများနှင့် တွေ့ဆုံရန် ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်၊ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးသိန်းစိုးနှင့် သက်ဆိုင်ရာ နယ်မြေတာဝန်ခံများ သွားရောက် ခဲ့ကြသည်။
မြိတ်ခရိုင်ပြည်ခိုင်ဖြိုး ပါတီရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
တနင်္သာရီ ဇွန် ၎
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် လေးမြို့နယ်၏ ပါတီဥက္ကဋ္ဌများနှင့် ခရိုင်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်က ကျင်းပခဲ့ကြောင်း သိရသည်။
ဟိုပင်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ခြင်းနှင့် လက်ရှိနိုင်ငံရေး အခြေအနေများ ရှင်းလင်း
ဟိုပင်ဒေသ။ ဇွန် ၎
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မိုးညှင်းမြို့နယ်၊ ဟိုပင်ဒေသ ကြာကြီးကွင်းအုပ်စု ရပ်/ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲအား ယမန်နေ့ နံနက် ( ၁၀း၃၀) အချိန်တွင် ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ ဦးခင်မောင်စီ နေအိမ်တွင် ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ အစီအစဉ် ဆက်လက် ကျင်းပ
ဇွန်-၄။ မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး
ဒုတိယနေ့ အစီအစဉ်ကို မုံရွာမြို့ တိုင်းပါတီရုံး အစည်းအဝေး ခန်းမတွင် ယနေ့နံနက် (၀၈:၀၀) နာရီအချိန်က
ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးသာအေး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စစ်ကိုင်းတိုင်း ဒေသကြီး တာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီ နာယကများဖြစ်ကြသည့် ဦးဥာဏ်ထွန်း၊ ဦးသန်းထွန်းအောင်နှင့် ဦးတင်ငွေတို့ တက်ရောက် ခဲ့ကြသည်။
ဖေ့စ်ဘုတ်အကောင့်တွေ ခိုးယူပြီး ငွေလိမ်တာမျိုးရှိခဲ့ရင် ရဲစခန်းတွေကို တိုင်ကြားနိုင်တယ်လို့ ပြည်ထဲရေး ထုတ်ပြန်

ကိုယ့်ရဲ့ဖေ့စ်ဘွတ်ခ်အကောင့် ခိုးယူခံရပြီး ငွေကြေးလိမ်လည်တာနဲ့ တခြားပြဿနာတွေ ဖြစ်ပေါ်လာရင် နီးစပ်ရာရဲစခန်းကို အသိပေးတိုင်ကြားကြဖို့နဲ့ အကောင့်ရဲ့အချက်အလက်တွေ သိတယ်ဆိုရင် မှုခင်းရဲတပ်ဖွဲ့က အကောင့်ကို ပြန်ရအောင် ကူညီပေးနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

