မန္တလေး မေ ၂၆
မန္တလေး မေ ၂၆
မလှိုင် မေ ၂၇
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့မှ မလှိုင်မြို့နယ် အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိရာ ကျေးရွာများသို့ စုပေါင်း ရေသန့်အလှူတော်အား ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် တက်ရောက်အားပေး ခဲ့သည်။
ဘုရားသုံးဆူ မေ ၂၆
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခွဲတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်သော ရပ်/ကျေး စည်းရုံးရေးမှူးများ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကရင်ပြည်နယ် တာဝန်ခံ) ဦးသူရိန်ဇော်က တက်ရောက်အမှာ စကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ ကရင်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီ ကော်မတီဝင်များဖြစ်သော ဦးစောထူးကပေါ်၊ ဦးဝင်းတင်၊ ဦးစောမြဝင်း၊ ဒေါ်စန္ဒာဦးနှင့် ကြာအင်း ဆိပ်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။ အဆိုပါ သင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ၅၂ ဦး တက်ရောက် ခဲ့ကြသည်။
ဇီးကုန်း မေ ၂၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အိမ်ဆောက် ပစ္စည်းများ၊ အလှူငွေထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၈ နာရီက ဇီးကုန်းမြို့နယ် မြို့လယ်သံဓမ္မာရုံ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ကြို့ပင်ကောက် မေ ၂၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့ကိုင်းအုပ်စု မြို့ကိုင်းကွက်သစ် ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးသန်းဦး နေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲတွင် ဒေါ်တင့်တင့်ခိုင် အခမ်းအနားမှူးက ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းနာယက ဦးဝင်းမြင့်စိုးက အဖွင့်စကားများနှင့် ယနေ့ဖြစ်ပေါ်နေသော ပကတိအခြေအနေ အကြောင်းအရာများကို ဆွေးနွေးပြောကြား ခဲ့သည်။
နေပြည်တော် မေ ၂၃
ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် နွေရာသီသောက်သုံးရေ ရှားပါးနေသော အောင်သာအုပ်စုသို့ သွားရောက်၍ သောက်ရေသန့် ၂ဝ လီ တာ ဘူး ၂ဝဝ သွားရောက်လှူ ဒါန်းခဲ့သည်။
ရွှေကူ မေ ၂၃
ရွှေကူမြို့နယ် နောင်လက်ကြီး ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ၏ ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက နောင်လက်ကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးနိုင်ဦး၏ နေအိမ်တွင် ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထိုက်၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်၊ အရန်ပါတီကော်မတီဝင်များ၊ နောင်လက်ကြီးကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးဆန်းဦးနှင့် ပါတီကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း ၅ဝ ခန့် တက်ရောက် ခဲ့ကြသည်။
မန္တလေး မေ ၂၃
ကလေး မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ယခင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်တို့ ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၇ နာရီခွဲတွင် ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် ရပ်ကျေး ဦးဘိုရွှေနေအိမ်တွင် ကလေးမြို့ ခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ရပ်ကျေးပါတီ ဆိုင်းဘုတ် စိုက်ထူကြပြီး ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံကာအားလုံး စည်းစည်းလုံးလုံး ရှိကြရန်နှင့် ပါတီ၏ မူဝါဒ များကို ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲကို နံနက် ၉ နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။ ဂျွိုင်းဆက်(ကလေး
နတ်မောက် မေ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အသက် ၂၅ နှစ်အောက် မိုးရာသီ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယမန်နေ့ နံနက် ၇ နာရီခွဲမှစပြီး ဖွင့်လှစ်ရာ နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဇော်လတ်မိုးက အမှာစကား ပြောကြားခဲ့သည်။
ယင်းတွင်ပြိုင်ပွဲဝင် အသင်းရှစ်သင်းဖြစ်ပြီး ပွဲစဉ် (၁၆) အစီအစဉ်ဖြင့် ကျင်းပမည်ဟု သိရသည်။