ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ညောင်တုန်းမြို့နယ် ထိပ်ဝကြီးကျေးရွာအုပ်စုရှိ ပြည်သူများ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ထိပ်ဝကြီးကျေးရွာအုပ်စု ရှမ်းစုကျေးရွာသို့ ရောက်ရှိကာ ရှမ်းစုကျေးရွာ အားကစားကွင်၌ ထိပ်ဝကြီးကျေးရွာအုပ်စုရှိ ပြည်သူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သောက်ရေသန့်များ လှူဒါန်း

 

ရန်ကုန် မေ ၂၈

ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သောက်ရေလိုအပ်လျက်ရှိသော ငါးတန်တစ်ရကျေးရွာသို့ ယမန်နေ့ နံနက်၉နာရီက သောက်ရေသန့်များ သွားရောက်လှူဒါန်း ခဲ့သည်။

ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးဝင်းဇော်လတ်နှင့် တာဝန်ရှိသူများသည် လီတာ ၂ဝ ဝင် သောက်ရေသန့်ဘူးကြီး ၁၅ဝ အား ကျေးလက်နေ ပြည်သူများထံ လာရောက်လှူဒါန်းရာ ရပ်ကျေးပါတီဝင်တို့က ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့သည်။

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်း ကျင်းပ ပြည်သူနှင့်တွေ့ဆုံ

 

ကြို့ပင်ကောက် မေ ၂၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ လိုက်ပါသောအဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ဘုကြီးအုပ်စု ပုဏ္ဏားရိပ်ကျေးရွာရှိ ဦးထွန်းနိုင် (မြို့နယ်ပါတီ ကော်မတီဝင်) နေအိမ်တွင် ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ခဲ့ သည်။

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီမှ မိုးရာသီအကြို ဘောလုံးပြိုင်ပွဲ တက်ရောက်ဆုချီးမြှင့်

 

သံတွဲ မေ ၂၈

သံတွဲမြို့နယ် တုံးတောကျေးရွာအုပ်စု ပန်းတောကျေးရွာတွင် ကျင်ပပြုလုပ်သော မိုးရာသီအကြို ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၄း၀၀) အချိန်တွင် ပြုလုပ်ခဲ့သည်။

ကောလင်း ဆင်ဂေါင်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ကောလင်း မေ ၂၈

ကောလင်းမြို့နယ် ဆင်ဂေါင်းအုပ်စု ဆင်ဂေါင်းကျေးရွာနေ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးကျော်မြိုင် နေအိမ်တွင် ယမန်နေ့ နံနက် ၁၁နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ် အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ သတင်းမီဒီယာများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကချင်ပြည်နယ်တာဝန်ခံ) နှင့်အဖွဲ့ ချီဖွေမြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပ

 

ချီဖွေ။ မေ ၂၈

ယ​မန်နေ့ (၂၈-၅-၂၀၁၉) ရက်​​နေ့ ​နေ့လည်​ ၁၂၀၀ မှ ၁၃း ၃၀ နာရီအချိန်​ထိ ဗဟိုအလုပ်​အမှု​ဆောင်​နှင့်​အဖွဲ့သည်​ ချီ​ဖွေမြို့နယ်​ ပါတီ​ကော်​မတီများ၊ ပါတီဝင်​များနှင့် တွေ့ဆုံပွဲကို ချီ​ဖွေမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ အစည်းအ​ဝေး ခန်းမ၌ ပြုလုပ်​ခဲ့ပြီး၊ အခမ်းအနားမှူးအဖြစ်​ မြို့နယ်​ပါတီ​ ကော်​မတီဝင်​ ​ဒေါ်​ခေါင်​ဘန်းမှ ​ဆောင်​ရွက်​ခဲ့ပါသည်​။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ခရိုင်နှင့် မြို့နယ်ပါတီများ တွေ့ဆုံ

 

နေပြည်တော် မေ ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ ပါတီနာယကများ၊ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌနှင့် ခရိုင်ပါတီနှင့် မြို့ နယ်ပါတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (M.Y.D.A) အသင်းဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 

ကယား မေ ၂၈

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာ လူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း Myanmar Youth Development Association (M.Y.D.A) အသင်းဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။