ပျော်ဘွယ်၊ သြဂုတ် ၂၂
Myanmar Robotic ၂၁ ရာစု STEM ပညာရေးမိတ်ပွဲ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးတင်စိုးနှင့် ဦးမြင့်စိုးတို့ တက်ရောက်ခဲ့သည်။
ပျော်ဘွယ်၊ သြဂုတ် ၂၂
Myanmar Robotic ၂၁ ရာစု STEM ပညာရေးမိတ်ပွဲ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးတင်စိုးနှင့် ဦးမြင့်စိုးတို့ တက်ရောက်ခဲ့သည်။
ပေါင်၊ သြဂုတ် ၂၂
မွန်ပြည်နယ်သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟို အလုပ်အမှုဆောင်များသည် မိုးရွာသွန်းမှု များပြားခြင်းကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သော ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာရှိ မြေပြိုကျခဲ့သည့် နေရာအား ကြည့်ရှု့ပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပသည့် သဘာဝဘေးသင့် ပြည်သူများအတွက် အလှူငွေလှူဒါန်းပွဲ၌ ပါတီဗဟိုမှ ပေးအပ်သည့် အလှူငွေကျပ် သိန်းသုံးဆယ်အား လူမှုရေးအသင်းအဖွဲ့များထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။

ပြည်သူများ ၀န်ထုပ်ဝန်ပိုးမဖြစ်ပေါ်ရေး လျှပ်စစ်မီတာခတွေလျှော့ချရေးအတွက် မြန်မာ့ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့ MDCF က သြဂုတ် ၂၂ ညပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများသည် မီးထွန်းထားသောဖယောင်းတိုင်များ ကိုင်ဆောင်ပြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လှော်ကားလမ်းမကြီး ၅၆ ဈေးမှ သစ်ဆိုင်ကွေ့မှတ်တိုင်ရှိ မြို့နယ်လျှပ်စစ် ရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ကျိုက်မရော သြဂုတ် ၂၁
မွန်ပြည်နယ် ကျိုက်မရောမြို့ နယ်အတွင်းရှိ ရေဘေးသင့်ဒေသခံ ပြည်သူများအား ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီမှ ပါတီတာဝန်ရှိသူများနှင့် သီဟသွေးလူငယ်များ၊ ပါတီအား ထောက်ခံသူ ပြည်သူများ စုပေါင်း၍ ရေဘေးသင့် ကျေးရွာများ အရောက် ထောက်ပံ့ကူညီ လှူဒါန်းခဲ့သည်။
တနင်္သာရီ သြဂုတ် ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေကြီးနစ်မြုပ်သည့် အိမ်ထောင်စုများ အတွက် ဆန်များပေးအပ် လှူဒါန်းခဲ့ရာ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီခွဲက စုပေါင်းဝန်ထမ်းအဆောင်နှင့် မြို့နယ်ပညာရေးမှူးရုံး အဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်း များအား ဆန်များထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံ၊ သြဂုတ် ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိကြပြီး ချောင်းဆုံမြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များအား လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
မုဒုံ၊ သြဂုတ် ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးရုံးသို့ ရောက်ရှိကြပြီး မုဒုံမြို့နယ် ပါတီကော်မတီဝင်များ ရပ်မိရပ်ဖများ၊ ပါတီဝင်များအား လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ကျိုက်မရော ၊ သြဂုတ် ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ရေကြီးနစ်မြုပ်မှုဒဏ် ခံစားခဲ့ရသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံစိန်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကျုံစိန်ကျေးရွာ သာသနာ့လင်္ကာရကျာင်း၌ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း ခဲ့သည်။
သြဂုတ်(၂၀)၊နွားထိုးကြီး သုတ
နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပါတီလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။