ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ရေဘေးသင့်စာသင်တိုက်များ ၊လူနေရပ်ကွက်များအား စားသောက်ဖွယ်ရာများလှူဒါန်း ကူညီကယ်ထုတ်

ပဲခူး

SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့်လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမည်

စက်တင်ဘာ၂၆
SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့်လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမည်ဟု ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၂၅ ရက်က အမိန့်ကြော်ငြာစာအမှတ်(၁၈/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်၌ SIM Card များအားမှတ်ပုံတင်ခြင်းမပြုဘဲ SIM Card အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ Points of Sales(POS)များ၊ မိုဘိုင်း Hand Set အရောင်းဆိုင်များအပြင် ဈေးများနှင့်လမ်းဘေးဆိုင်များနှင့် Online တို့တွင်ဆက်လက်ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလို သိမ်းဆည်းရမိ

 

ညွှန်ကြားချက်များအား လိုက်နာမှု မရှိသည့် လိုင်စင်ရ ကုမ္ပဏီ (၁၂၃) ခု အား လိုင်စင် ရုပ်သိမ်း

နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခွင့်ရသည့် ကုမ္ပဏီ ၁၂၃ ခုအား ယမန်နေ့ စက်တင်ဘာ ၁၉ ရက် မှစတင်ကာ လုပ်ငန်းလိုင်စင်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
အဆိုပါလိုင်စင်ရကုမ္ပဏီ ၁၂၃ ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် ဗဟိုဘဏ်၏အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ရုပ်သိမ်းကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

=============================

တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ်ခဲ့

 

တောင်ကိုရီးယားနိုင်ငံကို ယခုလအတွင်း (၅)ကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၄၈ ဦးကို ယမန်နေ့က ထပ်မံစေလွှတ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရပါသည်။
EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၇၂ ဦးနှင့် စိုက်ပျိုးရေးလုပ်သားသစ် ၇၆ ဦး စုစု ပေါင်း ၁၄၈ ဦး ကို ယခုလအတွင်း (၅)ကြိမ်မြောက်အဖြစ် စေခဲ့လွှတ်ခြင်းဖြစ်ပြီး ယင်းမြန်မာလုပ်သားများအနေနှင့် ရန်ကုန် လေဆိပ်မှ တစ် ဆင့် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကို ရောက်ရှိခဲ့ရာ မြန်မာသံရုံး ၊ ဆိုလ်းမြို့က အလုပ် သမားသံအရာရှိ က အလုပ်သမားများ သိရှိရန်၊ ဆောင်ရန်/ရှောင်ရန်နှင့် လိုအပ်သည်များ မှာကြားကာ ကူညီပံ့ပိုးခဲ့သည်ဟု သိရပါသည်။



=====================================

ဖုန်းယူခွင့်အပေါ်ကောက်ခံမည့် နှုန်းထားကို ပယ်ဖျက်

ဖုန်းတစ်လုံး ၅၀၀၀ ကျပ်ကောက်ခံမည့် နေပြည်တော် မာရဝိဇယ ဘုရားဖူးဝင်ကြေးကို ဖုန်းယူခွင့်အပေါ်ကောက်ခံမည့် နှုန်းထားကိုပယ်ဖျက်ကာ ပြင်ဆင်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ – ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉) နှင့်(၁၅၀)အကြားရှိ ကတ္တရာခင်းကားလမ်းပဲ့ကျပျက်စီးမှုတွင် မော်တော်ယာဉ်များ ယာယီသွားလာနိုင်ရန် ဘေလီတံတားကို တစ်လအတွင်း အပြီးဆောင်ရွက်သွားမည်

ဩဂုတ် ၁၀

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ချောင်းရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ဩ ဂုတ်လ ၇ ရက်နေ့က မြ၀တီ – ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့်(၁၅၀)အကြားနေရာတွင် ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည် ၁၅ဝ ပေခန့် ပဲ့ကျပျက်စီးခဲ့ရာ ယာဉ်သွားလာမှုယာယီရပ်ဆိုင်းထားရပြီး အဆိုပါ လမ်းပိုင်းအမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ကရင်ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် ဦးဆောင်ပြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရပါသည်။