ဖေဖော်ဝါရီ ၂၅၊ ပုလော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာဦးကျော်ကျော်ဌေးနှင့်အဖွဲ့မှ ပါတီဝင်များအား တွေ့ဆုံခြင်းကို ၂၅.၂.၂၀၂၀ ၁၂း၄၅ နာရီအချိန် မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် နိုင်ငံတော်အလံအား အလေးပြု ဆောက်ရွက်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဦးကျော်ကျော်ဌေးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးသန်းအောင်၊ အတွင်းရေးမှူး ဦးနေမျိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဦးမင်းဇော်တို့ လိုက်ပါတွေ့ဆုံ ခဲ့ပါသည်။
