ရန်ကုန် ဇွန် ၁၆
ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံစားသောက်ကုန်များအား ရပ်ကွက်ကျေးရွာနေသူများသို့ လိုက်လံ ဝေငှလှူဒါန်းပေးခဲ့သည်။ သွားရောက်လှူဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင် လူငယ်တာဝန်ခံ ဒေါ်ချမ်းမြအေး၊ ပြည်ခိုင်ဖြိုးပါတီ နာယကများဖြစ်ကြသော ဦးရဲဆွေလှိုင်၊ ဦးမျိုးဝင်းညွန့်၊ ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်၊ အတွင်းရေးမှူး ဦးဇေယျာဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ ရွှေပြည်သာအမှတ် (၂၀) ရပ်ကွက်အတွင်းရှိ ပေါ်တော်မူ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းအား ဆန်နှစ်အိတ်နှင့် လက်သန့်ဆေး ဆပ်ပြာ ဆီများအား သွားရောက်လှူဒါန်းခဲ့သည်။
