အမရပူရမြို့နယ်၊ ရေလဲကျောင်းတိုက်တွင် မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့မွန်းလွဲ (၂) နာရီမှ (၄) နာရီအထိ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၏ ညီမ ဒေါ်ကျော်ကျော်ဟိန်းမိသားစုမှ ရေဘေးသင့်ပြည်သူ (၁၀၀၀) ဦးစာအတွက် ညနေစာ စတုဒီသာ ကျွေးမွေးလှူဒါန်း ခဲ့သည်။

