သာယာဝတီ မတ် ၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီမြို့နယ် ဖားရွှေ ကျော်အုပ်စု ရေတိုက်ကျေးရွာရှိ သုပဏ္ဏကဂဠုနရာဇာ ဆရာစံ၏ အောင်မြေကုန်းတွင် ယမန်နေ့ နံနက် ၉ နာရီက တောင်သူလယ်သမား တွေ့ဆုံပွဲကို ကျင်းပသည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်က ယမန်နေ့ ကျရောက်သည့် တောင်သူလယ်သမားနေ့သို့ ပေးပို့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဝဏ် လွှာကို ဖတ်ကြားသည်။