ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၆ဝ၁၈ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ချင်းတိုင်းရင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ
မတ်(၅)၊မတူပီ
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ကန်ပက်လက်မြို့နယ်အတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံ
မတ်(၆)၊ကန်ပက်လက် သုတ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က ကန်ပက်လက်မြို့နယ် ပါတီရုံးခန်းမတွင် ကန်ပက်မြို့နယ်ပါတီ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တာဝန် ရှိသူများ၊ ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း အိမ်မဲမြို့နယ် ရပ်ကျေးပါတီကော်မတီဝင်များ ရပ်မိရပ်ဖများ ပြည်သူများနှင့် တွေ့ဆုံ
အိမ်မဲ မတ် ၅
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မတူပီခရိုင်နှင့်မြို့နယ် ပါတီတာဝန်ရှိသူများအား တွေ့ဆုံ
မတ်(၃)၊မတူပီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ယမန်နေ့ မွန်းလွဲ၂နာရီက မတူပီမြို့နယ်ပါတီရုံးခန်းမတွင် မတူပီခရိုင်နှင့်မြို့နယ် ပါတီတာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပလက်ဝမြို့နယ် ပါတီအတွင်းရေးမှူး ဦးပြည်လုံး မတူပီမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးရမ်သန်းနှင့် မတူပီခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအုန်းလွင်တို့မှ ခရိုင်နှင့်မြို့နယ်ပါတီတို့၏ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးဟုန်းငိုင်းမှလည်း ချင်းပြည်နယ်အတွင်း ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဗဟိုအလုပ်အမူဆောင် ကရင်ပြည်နယ် တာဝန်ခံဦးသူရိန်ဇော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး ဘားအံမြို့နယ် ကျေးရွာများတွင် ပါတီဆိုင်းဘုတ်တင်၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဌာနချုပ်မှ ဗဟိုအလုပ်အမူဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန် ဇော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင်တို့သည် ယမန်နေ့ နံနက် (၈း၃၀) အချိန် ဘားအံမြို့နယ် ကျုံမသွယ် ကျေးရွာအုပ်စု ရွှေလူကျေးရွာတွင် ပါတီဆိုင်းဘုတ်တင်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ရပ်မိရပ်ဖများ၊ပါတီဝင် များစုစုပေါင်း (၆၀) ဦးနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ ဆက်လက်ပြီး နံနက် (၁၀း၃၀) အချိန်တွင် အီဟယ်ကျေးရွာ အုပ်စု နော်နော့ဝါးကျေးရွာတွင် ပါတီဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပါသည်။ ရပ်မိရပ်ဖများ၊ ပါတီဝင်များ စုစုပေါင်း (၁၁၅) ဦးနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး နံနက် (၁၁း၃၀) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ နီ နီ
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မင်းတပ်ခရိုင်နှင့်မြို့နယ် ပါတီတာဝန်ရှိသူများအား တွေ့ဆုံ
မတ်(၃)၊မင်းတပ် သုတ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မင်းတပ်မြို့နယ်ပါတီရုံး ခန်းမတွင် မင်းတပ်ခရိုင်နှင့် မြို့နယ်ပါတီတာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မင်းတပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထန်းလိန်းနှင့် မင်းတပ်ခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထန်းလှေ့တို့မှ ခရိုင်နှင့်မြို့နယ် ပါတီတို့၏ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမူ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်သူ့အတွက် အာမခံချက် ဗီနိုင်း ပိုစတာဖွင့်ပွဲ အခမ်းအနားကျင်းပ
မန္တလေး မတ် ၃
မန္တလေးမြို့ ၃၅လမ်း၊ လမ်း ၉ဝ နှင့် ၉၁ လမ်းကြားရှိ မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ ”ပိုမိုတောက်ပသော အနာဂတ်ဆီသို့ ဗီနိုင်းပိုစတာနှင့် ပြည်သူ့အတွက် အာမခံချက်ကိုးချက်ပါ ဗီနိုင်းပိုစတာနှစ်ခုဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပ ခဲ့သည်။
ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်သူ့အတွက်အာမခံချက် မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူ
ကျိုက်ထို ၊ မတ် ၃
ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ ”ပိုမို တောက်ပသော အနာဂတ်ဆီသို့” မြေစိုက်ပိုစတာနှင့် ပြည်သူ့အတွက် အာမခံချက်ကိုးချက်ပါ မြေစိုက်ပိုစတာ နှစ်ခုအား စိုက်ထူပွဲ မင်္ဂလာအခမ်းအနားကို မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပ ခဲ့သည်။
ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး (၈၈) ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး တက်ရောက်လှူဒါန်း
မတ် ၁၊ နေပြည်တော်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှ စေတီတော်မြတ်ကြီးတွင် ၁-၃-၂၀၂၀ ရက်နေ့ နေ့လည် ၁၄၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်သော ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် (၈၈) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပြီး လှူဖွယ်ပစ္စည်းများအား လောင်းလှူ ခဲ့ပါသည်။