မြစ်သား ဇွန် ၁၇
မြစ်သား ဇွန် ၁၇
ပန်းဘဲတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၃) ရပ်ကွက်အတွင်းရှိ လမ်းများအား မိုးရာသီသွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်နေ ပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၄ သန်း ထပ်ပေးမယ့်အကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဇွန်လ ၁၇ ရက်နေ့မှာ ကြေညာပါတယ်။ အခု ထပ်မံပေးအပ်တဲ့ ဒေါ်လာ ၄ သန်းနဲ့ပါဆိုရင် ဖေဖော်ဝါရီလကစလို့ မြန်မာနိုင်ငံရဲ့ ကိုဗစ်–၁၉ တုံ့ပြန် တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် အမေရိကန်က ထောက်ပံ့ပေးနေတာ စုစုပေါင်း ဒေါ်လာ ၁၃ သန်းခွဲ ရှိသွားပြီ ဖြစ်ပါတယ်။
အိမ်မဲ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်ပါတီမှ မြို့နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံများထံသို့ Face Maskများ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉နာရီတွင် ကျင်းပခဲ့ကြသည်။
ရန်ကုန် ဇွန် ၁၆
ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်ခိုင်ဖြိုးပါတီ တည်ထောင်ခြင်း (၁ဝ) ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် ကမာရွတ်မြို့နယ် အမှတ်(၉) ရပ်ကွက်အတွင်း နေအိမ်များသို့ ယနေ့သွားရောက်ပြီးဆန်တစ်ပြည်၊ ဆီ ၅ဝ ကျပ်သားနှုန်းဖြင့် ကူညီထောက်ပံ့ လှူဒါန်းခဲ့သည်။
ဇွန်(၁၇)၊မိတ္ထီလာ သုတ
မိတ္ထီလာမြို့၊ အမှတ် (၁) တပ်မတော်စစ်ဆေးရုံကုတင် (၅၀၀) တွင် ဆေးဝါးကုသရန် ခေတ္တရောက်ရှိလာသည့်
တောင်သာနှင့်မလှိုင်မြို့နယ်တို့မှ ဒေသခံပြည်သူများအား ယနေ့နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြော
ကြားခဲ့သည်။
တနင်္သာရီ ဇွန် ၁၆
ရန်ကုန် ဇွန် ၁၆
ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံစားသောက်ကုန်များအား ရပ်ကွက်ကျေးရွာနေသူများသို့ လိုက်လံ ဝေငှလှူဒါန်းပေးခဲ့သည်။ သွားရောက်လှူဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင် လူငယ်တာဝန်ခံ ဒေါ်ချမ်းမြအေး၊ ပြည်ခိုင်ဖြိုးပါတီ နာယကများဖြစ်ကြသော ဦးရဲဆွေလှိုင်၊ ဦးမျိုးဝင်းညွန့်၊ ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်၊ အတွင်းရေးမှူး ဦးဇေယျာဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ ရွှေပြည်သာအမှတ် (၂၀) ရပ်ကွက်အတွင်းရှိ ပေါ်တော်မူ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းအား ဆန်နှစ်အိတ်နှင့် လက်သန့်ဆေး ဆပ်ပြာ ဆီများအား သွားရောက်လှူဒါန်းခဲ့သည်။
တနင်္သာရီ ဇွန် ၁၅
မိုးမောက် ဇွန် ၁၅
မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှသင်ရိုးသစ် သင်တန်းတက်ရောက်သော ဆရာဆရာမများနှင့် နည်းပြများ၊ ရုံးအဖွဲ့များအား ကာဘော်လစ်ဆပ်ပြာ၊ Mask များ ဖြန့်ဝေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ ခွဲကမိုးမောက်မြို့ အထကကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။