မတ်လနှင့်ဧပြီလအတွင်း အပူဒဏ်ပြင်းထန်နိုင်၍ ပြည်သူများသတိထားရန်လို

မတ်လနှင့်ဧပြီလအတွင်း အပူဒဏ်ပြင်းထန်နိုင်၍ ပြည်သူများသတိထားရန်လို
=====================
မတ်လနှင့် ဧပြီလအတွင်း နေ့အပူချိန်များ သိသိသာသာ မြင့်တက်လာနိုင်ကြောင်းနှင့် အပူဒဏ်ကြောင့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ အထူးသတိထားရန် သက်ဆိုင်ရာမှ သတိပေးချက် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ယေဘုယျအားဖြင့် အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်း ကြာရှည်စွာ ရှိနေပါက မောပန်းခြင်း၊ ခေါင်းမူးခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး သာမန်သတိထားရမည့် အဆင့်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်း စတင်အသုံးပြု

ရန်ကုန်မြို့ပတ်ရထားတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်း စတင်အသုံးပြု
==========================
ဆီသုံးစွဲမှုလျှော့ချပြီး ကုန်ကျစရိတ်သက်သာမည်
———————-
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ် တိုးတက်စေရန် ရည်ရွယ်၍ ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို အသုံးပြုသည့် ရထားပြေးဆွဲမှုကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ဘူတာကြီး အမှတ်(၁)စင်္ကြံတွင် ကျင်းပခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထားမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်

ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်
======================
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်မည်ဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ပျဉ်းမနားမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိငလျင် လှုပ်ခတ်

ပျဉ်းမနားမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိငလျင် လှုပ်ခတ်
=======================
နေပြည်တော်၊ ပျဉ်းမနားမြိုကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မတ် ၂၃ ရက်ညပိုင်းကလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ပျဉ်းမနားမြို၏ အရှေ့တောင်ဘက်(၄)မိုင်ခန့်အကွာ၊ အနက်(၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

” တော်တော်ပြင်းတယ် ဒီငလျင်က အသံကြီးပါပါတယ်။ ဆွဲဆောင့်လိုက်သလိုနှစ်ချက်လောက်ဖြစ်သွားတယ်။ အရင်တစ်ခါတုန်းကလိုဘဲ။ အဲ့လောက်မပြင်းတာဘဲရှိတယ်။ ကြောက်ဖို့တော့ ကောင်းတယ်”ဟု ဒေသခံနေသူများက ပြောပါတယ်။

FIFA ဥက္ကဋ္ဌက ရှမ်းယူနိုက်တက်အသင်းအား ဂုဏ်ပြုစကားပြော

FIFA ဥက္ကဋ္ဌက ရှမ်းယူနိုက်တက်အသင်းအား ဂုဏ်ပြုစကားပြော
======================
ရှမ်းယူနိုက်တက်အသင်းသည် အာရှဒေသတွင်း ကလပ်အ သင်းများအတွက် စံနမူနာပြအသင်း တစ်သင်းဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲချုပ်(FIFA)ဥက္ကဋ္ဌက ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။

သမိုင်းဝင် အောင်မြင်မှုကို အသိအမှတ်ပြု ချီးမြှင့်ပေးသည့်အတွက် FIFA ဥက္ကဋ္ဌကို အထူးကျေးဇူးတင်ရှိကြောင်း ရှမ်းယူနိုက်တက်အသင်းက မတ်လ (၂၂) ရက်တွင် အသိပေးထားသည်။

ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဝန်ထမ်းများ Work From Home ဆောင်ရွက်ရန် ကြေညာ

ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဝန်ထမ်းများ Work From Home ဆောင်ရွက်ရန် ကြေညာ
=========================
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အစိုးရအနေဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးဝန်ထမ်းများအား နေအိမ်မှသာ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် သတ်မှတ်ကြေညာလိုက်သည်။

လက်နက်ခဲယမ်းများနှင့်အတူ PDF အဖွဲ့ဝင် (၅၀၆) ဦး အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာခဲ့

လက်နက်ခဲယမ်းများနှင့်အတူ PDF အဖွဲ့ဝင် (၅၀၆) ဦး အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာခဲ့
================================
မန္တလေးတိုင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို လက်နက်ခဲယမ်းများနှင့်အတူ PDF အဖွဲ့ဝင် (၅၀၆) ဦးအလင်းဝင်လာခဲ့ရာ ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက မိဘများထံပြန်လည်အပ်နှံခြင်းအခမ်းအနားကို စစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည်။

နွေရာသီကာလ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်တက်မှုကြောင့် ဝန်အားမျှတခွဲဝေမှုစနစ် စတင်ဆောင်ရွက်မည်

နွေရာသီကာလ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်တက်မှုကြောင့် ဝန်အားမျှတခွဲဝေမှုစနစ် စတင်ဆောင်ရွက်မည်
==========================
မြန်မာနိုင်ငံတစ်ဝှမ်း နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းနှင့်အတူ လျှပ်စစ်ဓာတ်အား ဝန်အားမျှတခွဲဝေဖြန့်ဖြူးမှု (Planned Load Shedding) ကို မတ်လ ၁၈ ရက် က စတင်၍ နေရာနှင့် အချိန်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်းသိရသည်။