
PGA Tour ပွဲစဉ်တစ်ခုဖြစ်သည့် ဖီးနစ်အိုးပင်းဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်ကစားသမား စကော့တီရှက်ဖလာ နှစ်နှစ်ဆက် အနိုင်ရပြီး ကမ္ဘာ့အဆင့် ၁ နေရာကိုပါ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ကြောင်း သိရသည်။
ဖီးနစ်အိုးပင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ စကော့ဒေးလ်မြို့ရှိ TPC Scottsdale ဂေါ့ဖ်ကွင်း၌ ကျင်းပခဲ့ပြီး စကော့တီရှက်ဖလာက ဒုတိယနေရာမှ ကစားသမားထက် လျှော့ရိုက်ချက် နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့သည်။










